DVB Logo
Home
မြန်မာသတင်း
ကိုရိုနာ စောင့်ကြည့်နှင့်သံသယလူနာ ၂၀၁ ဦးအနက် အခြားရောဂါဖြင့် သေဆုံးသူ ၁၂ ဦးရှိလာ
DVB
·
March 22, 2020
ကိုရိုနာ စောင့်ကြည့်နှင့်သံသယလူနာ ၂၀၁ ဦးအနက် အခြားရောဂါဖြင့် သေဆုံးသူ ၁၂ ဦးရှိလာ
Donate to DVB

ကမ္ဘာနိုင်ငံပေါင်း ၁၇၇ နိုင်ငံမှာ ကူးစက်ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ပတ်သက်လို့  မြန်မာနိုင်ငံမှာ ဇန်နဝါရီလ ၃၁ ရက်ကနေ မတ်လ ၂၁ ရက်အထိ စောင့်ကြည့်နဲ့ သံသယလူနာ ၂၀၁ ဦးအနက် နာတာရှည်တခြားရောဂါနဲ့ သေဆုံးသူ ၁၂ ဦး ရှိလာပြီလို့  ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက မတ်လ ၂၁ ရက် ညမှာ ထုတ်ပြန်ထားပါတယ်။

အဲဒီလူနာတွေထဲမှာ ဓာတ်ခွဲနမူနာရယူဖို့ ပေးပို့ထားသူ ၁၄ ဦး၊ ရောဂါပိုးမတွေ့သူ ၁၈၇ ဦးရှိခဲ့ပြီး ရောဂါပျောက်ကင်းလို့ ဆေးရုံကဆင်းသွားသူ ၁၁၄ ဦးရှိတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

နာတာရှည်ရောဂါနဲ့ သေဆုံးသူတွေထဲမှာ ဆီးချို၊ နှလုံးရောဂါတွေနဲ့ သေဆုံးသူ ၃ ဦး၊ တီဘီနဲ့ ကျောက်ကပ်ရောဂါကြောင့် သေဆုံးသူ ၁ ဦး၊ ကျောက်ကပ်ရောဂါနဲ့သေဆုံးသူ ၂ ဦး၊ အဆုတ်ပွရောဂါနဲ့သေဆုံးသူ ၁ ဦး၊ အသည်းရောဂါနဲ့သေဆုံးသူ ၁ ဦး၊ သွေးဆိပ်တက်သေဆုံးသူ ၃ ဦးနဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်တာနဲ့ ဝမ်းပျက်ဝမ်းလျှောကြောင့် သေဆုံးသူ ၁ ဦး ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဆက်ပြီး ရေးသားထားပါတယ်။

ဇန်နဝါရီကနေ မတ်လအထိ စောင့်ကြည့်နဲ့သံသယလူနာတွေဟာ ရန်ကုန်တိုင်းမှာ ၈၅ ဦး၊ မန္တလေးမှာ ၃၃ ဦး၊ ရှမ်းပြည်နယ်မှာ ၁၉ ဦးနဲ့ တခြားတိုင်းနဲ့ပြည်နယ်တွေမှာ ၅၄ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဟာ အခုချိန်ထိ ရောဂါအတည်ပြုလူနာမတွေ့တဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၁၈ နိုင်ငံထဲ ပါဝင်နေပြီး WHO ရဲ့ညွှန်ကြားချက်တွေနဲ့အညီ အဆင့်လိုက်ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဇန်နဝါရီလကနေ မတ်လအထိ တိုင်းနဲ့ပြည်နယ်တွေမှာ ကိုရိုနာကူးစက်ပြန့်တာ မရှိစေဖို့ အသွားအလာ ကန့်သတ်တာ၊ တားမြစ်ပိတ်ပင်တာတွေ အလုပ်ခံရသူ ၁၈၇ ဦး ရှိခဲ့ပြီး ၈၁ ဦးမှာတော့ ကိုရိုနာရောဂါပိုး မတွေ့ဘူးလို့ ဆိုပါတယ်။

ဒီနေ့မနက်ပိုင်းအထိ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ  ၃၀၇၇၂၅ ဦးအနက် သေဆုံးသူ ၁၃၀၅၄ ဦးရှိပြီး ရောဂါပျောက်ကင်းသူ ၉၅၇၉၇ ဦးရှိတယ်လို့ ကိုရိုနာဖြစ်ပွားချိန်ကစလို့ စာရင်းထုတ်ပြန်နေတဲ့ worldometers ဝက်ဘ်ဆိုက်စာရင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013