DVB Logo
Home
မြန်မာသတင်း
မန်းရွှေစက်တော် တည်းခိုဆောင်လုပ်ငန်းရှင်နှင့် ဈေးသည်များကို ကြမ်းခင်းဈေး ပေးသွင်းငွေ ၆၀ ရာခိုင်နှုန်း ပြန်ပေးမည်
DVB
·
March 17, 2020
မန်းရွှေစက်တော် တည်းခိုဆောင်လုပ်ငန်းရှင်နှင့် ဈေးသည်များကို ကြမ်းခင်းဈေး ပေးသွင်းငွေ ၆၀ ရာခိုင်နှုန်း ပြန်ပေးမည်
Donate to DVB

ကိုရိုနာဗိုင်းရပ်စ် ပြဿနာကြောင့် ပိတ်သိမ်းခဲ့တဲ့ မန်းရွှေစက်တော်ဘုရားပွဲ တည်းခိုဆောင်လုပ်ငန်းရှင်တွေနဲ့ ဈေးသည်တွေကို ကြမ်းခင်းဈေး ပေးသွင်းငွေ ၆၀ ရာခိုင်နှုန်း ကျပ်သိန်းပေါင်း ၅၉၀၀ ကျော်ကို ပြန်ပေးသွားမယ်လို့ ဂေါပကအဖွဲ့က ပြောပါတယ်။ 

မကွေးတိုင်းဝန်ကြီးချုပ်နဲ့ သြဝါဒဆရာတော်တွေရဲ့ မိန့်ကြားချက်အရ နစ်နာတဲ့ တည်းခိုဆောင် လုပ်ငန်းရှင်တွေနဲ့ ဈေးဆိုင်တွေအတွက် မတ် ၁၇ ရက်နေ့ မနက်ပိုင်းကစလို့ ၆၀ ရာခိုင်နှုန်း ပြန်လည်ပေးသွားမယ်လို့ မန်းရွှေစက်တော်ဘုရား ဂေါပက ဥက္ကဋ္ဌက ပြောပါတယ်။ 

မန်းရွှေစက်တော် ဘုရားပွဲတော်မှာ တည်းခိုဆောင်လုပ်ငန်းရှင် ၁၀၀ ကျော်နဲ့ ပျံကျဈေးသည် အပါအဝင် ဈေးသည်ပေါင်း ၁၀၀၀ ကျော် မှီခိုလုပ်ကိုင်နေကြတာလည်း ဖြစ်ပါတယ်။  

လုပ်ငန်းရှင်တွေနဲ့ ဈေးသည်တွေဘက်ကတော့ ကြမ်းခင်းဈေး ပေးသွင်းငွေရဲ့ ၇၅ ရာခိုင်နှုန်းကို ပြန်လည်ပေးအပ်ဖို့ တောင်းဆိုထားတာပါ။

မန်းရွှေစက်တော် ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့ကနေ မြန်မာနှစ်ဆန်း ၁ ရက်နေ့ထိ ရက် ၈၀ ကြာ ကျင်းပခဲ့တာဖြစ်ပြီး အခုနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ကာကွယ်နိုင်ဖို့ ပွဲတော်ကာလ တဝက်လောက် ပိတ်သိမ်းလိုက်တာပါ။

ဘုရားပွဲတော် ကာလအတွင်း လက်ရှိအချိန်ထိ ရန်ပုံငွေ သိန်းပေါင်း ၆ သောင်း ၈ ထောင်ခန့် ကောက်ခံရရှိပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013