အနက် ပေ ၇၀၀ ခန့်ရှိကျင်းထဲ ပိတ်မိနေသည့် လုပ်သား ၁၅ ဦးကို ကယ်တင်
DVB
·
March 15, 2020
မိုးကုတ်မြို့မှာ မြေအောက်အနက် ပေ ၇၀၀ လောက်ကျင်းထဲ အောက်စီဂျင်ပြတ်ပိတ်မိနေတဲ့ လုပ်သား ၁၅ ယောက်ကို အသက်ရှင်လျက်ကယ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မတ် ၁၄ ရက် ညနေ ၅ နာရီလောက်က မန္တလေးတိုင်း မိုးကုတ်မြို့နယ်၊ ညောင်ပင်ကြီးရပ်၊ အုန်းပင်လူးကျင်းလုပ်ကွက်က မြေအောက်အနက် ပေ ၇၀၀ လောက်မှာ တွင်းလုပ်သား ၁၅ ယောက်လောက် အောက်စီဂျင်ပြတ်ပြီး ပိတ်မိနေတာလို့ ဆိုပါတယ်။
ဒါကြောင့် လယ်ဦးမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၆ ယောက်၊ အရန်မီးသတ်တပ်ဖွဲ့ဝင် အယောက် ၅၀၊ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့၊ Mogok Rescue နဲ့ ဒေသခံကျွမ်းကျင်တွင်းလုပ်သားတို့ ပူးပေါင်း ကယ်ဆယ်ရာမှာ ပိတ်မိနေတဲ့ တွင်းလုပ်သား ၁၅ ယောက်ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။