DVB Logo
Home
မြန်မာသတင်း
အနက် ပေ ၇၀၀ ခန့်ရှိကျင်းထဲ ပိတ်မိနေသည့် လုပ်သား ၁၅ ဦးကို ကယ်တင်
DVB
·
March 15, 2020
Donate to DVB

မိုးကုတ်မြို့မှာ မြေအောက်အနက် ပေ ၇၀၀ လောက်ကျင်းထဲ အောက်စီဂျင်ပြတ်ပိတ်မိနေတဲ့ လုပ်သား ၁၅ ယောက်ကို အသက်ရှင်လျက်ကယ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မတ် ၁၄ ရက် ညနေ ၅ နာရီလောက်က မန္တလေးတိုင်း မိုးကုတ်မြို့နယ်၊ ညောင်ပင်ကြီးရပ်၊ အုန်းပင်လူးကျင်းလုပ်ကွက်က မြေအောက်အနက် ပေ ၇၀၀ လောက်မှာ တွင်းလုပ်သား ၁၅ ယောက်လောက် အောက်စီဂျင်ပြတ်ပြီး ပိတ်မိနေတာလို့ ဆိုပါတယ်။

ဒါကြောင့် လယ်ဦးမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၆ ယောက်၊ အရန်မီးသတ်တပ်ဖွဲ့ဝင် အယောက် ၅၀၊ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့၊ Mogok Rescue နဲ့ ဒေသခံကျွမ်းကျင်တွင်းလုပ်သားတို့ ပူးပေါင်း ကယ်ဆယ်ရာမှာ ပိတ်မိနေတဲ့ တွင်းလုပ်သား ၁၅ ယောက်ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013