DVB Logo
Home
မြန်မာသတင်း
အထည်ချုပ် ကုန်ကြမ်းများ မတ်လအကုန် ရောက်နိုင်ဟု ကုန်သည်စက်မှုအသင်းချုပ် ပြော
DVB
·
March 14, 2020
အထည်ချုပ် ကုန်ကြမ်းများ မတ်လအကုန် ရောက်နိုင်ဟု ကုန်သည်စက်မှုအသင်းချုပ် ပြော
Donate to DVB

အထည်ချုပ်လုပ်ငန်းတွေအတွက် ကုန်ကြမ်းတွေ မတ်လကုန်ပိုင်းလောက်မှာ ရောက်ရှိလာနိုင်တယ်လို့  မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ်က ပြောပါတယ်။ 

မြန်မာနိုင်ငံမှာရှိတဲ့ အထည်ချုပ်လုပ်ငန်းတွေအတွက် ကုန်ကြမ်းပြတ်လပ်မှုတွေကို လာမယ့် မတ်လကုန်လောက်မှာ တရုတ်နိုင်ငံကနေ ရောက်လာနိုင်မယ့် အနေအထား ရှိနေတယ်လို့ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ဒီဗွီဘီကို ပြောပါတယ်။

“ကုန်ကြမ်းတွေ မတ်လကုန်ကျရင် စထုတ်တာနဲ့ ဧပြီလ သင်္ကြန်နဲ့ကပ်သွားပြီ။ ဘာအလုပ်မှ လုပ်လို့မရတော့ဘူး။ သူတို့ လခတွေ ပေးဖို့ တော်တော်လေးဒုက္ခရောက်တယ်။ အလုပ်မဖြစ်တော့ ပိုက်ဆံမရဘူး။ ချုပ်ခက ပါးပါးလေးပဲ ရတာ။ သူတို့လည်း ဒုက္ခရောက်တော့ တယောက်နဲ့တယောက် နားလည်မှုရှိဖို့လိုတယ်။”

လက်ရှိ မြန်မာနိုင်ငံမှာရှိတဲ့ အထည်ချုပ်လုပ်ငန်းတွေဟာ ကုန်ကြမ်း ပြတ်လပ်မှု အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ် Covid–19 ရောဂါ စတင်ဖြစ်ပွားတဲ့နေ့ကစပြီး အခုချိန်ထိ အထည်ချုပ်လုပ်ငန်းတွေဟာ ကုန်ကြမ်းပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတာပါ။

လက်ရှိ မြန်မာနိုင်ငံမှာရှိတဲ့ အထည်ချုပ်လုပ်ငန်းတွေအနေနဲ့ လုပ်ခလစာ ကြီးမြင့်မှု၊ အထည်ချုပ်ကုန်ကြမ်း မရှိမှုနဲ့ နိုင်ငံတကာအမှာတွေ ရပ်တန့်နေတာကြောင့် တချို့စက်ရုံတွေ  ပိတ်သိမ်းသွားတာတွေရှိနေတဲ့အတွက် အလုပ်လက်မဲ့ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စီးပွားရေးလုပ်ငန်းရှင် ဦးသန့်စိုးက ပြောပါတယ်။ 

“အထည်ချုပ်လုပ်ငန်းက အဓိကအသက်ပဲ။ ဥရောပကို ပို့တာ အများဆုံးက အထည်ချုပ်ပဲ။ ပိုဆိုးတာက ကိုရိုနာကလည်း လာဆိုတော့ လုပ်ရကိုင်ရတာ တော်တော်လေး ကြပ်တယ်။ ပုံမှန်တောင် တော်တော်ရုန်းနေရတာ။ အခု ပိုရုန်းရတာပေါ့။ အတော်ကို သတိထားနေရတယ်။”

အခုလို ကုန်ကြမ်းတွေ မြန်မာနိုင်ငံကို ရောက်ရှိလာမယ်ဆိုရင် အလုပ်သမားပြဿနာတွေ အဆင်ပြေသွားနိုင်မယ်လို့ ဆိုပါတယ်။

ပြည်တွင်းမှာရှိတဲ့ အထည်ချုပ်လုပ်ငန်းအများစုဟာ တရုတ်နိုင်ငံကလာတဲ့ ကုန်ကြမ်းတွေကို အားကိုးပြီး လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။ 

အခုလက်ရှိအချိန်မှာ Covid –19 ရောဂါကြောင့် အထည်ချုပ်စက်ရုံတွေဟာ ကုန်ကြမ်းပြတ်လပ်မှုပြဿနာတွေနဲ့ ရင်ဆိုင်နေရတာကြောင့် အထည်ချုပ်လုပ်ငန်းတွေဟာ လုပ်သားအင်အားလျှော့ချမှုနဲ့ လုပ်ငန်းတွေ ပိတ်သိမ်းလာတဲ့ ပြဿနာတွေ ရင်ဆိုင်နေကြရပါတယ်။ 

နေလင်းအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013