DVB Logo
Home
မြန်မာသတင်း
သောက်သုံးရေ ပြတ်လပ်မှု အသိပေးနိုင်မည့် အက်ပလီကေးရှင်း မတ် ၁၅ ရက် စဖြန့်မည်
DVB
·
March 14, 2020
သောက်သုံးရေ ပြတ်လပ်မှု အသိပေးနိုင်မည့် အက်ပလီကေးရှင်း မတ် ၁၅ ရက် စဖြန့်မည်
Donate to DVB

နွေရာသီမှာ သောက်သုံးရေပြတ်လပ်တဲ့ အချက်အလက်တွေ ပေးပို့ဖို့နဲ့ သိရှိနိုင်ဖို့ ဖုန်းမှာ သုံးနိုင်တဲ့ အက်ပလီကေးရှင်းကို မတ် ၁၅ ရက်မှာ စတင်ဖြန့်ချိမယ်လို့ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက သိရပါတယ်။

စိုက်ပျိုးရေး၊မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ ရေပြတ်လပ်နိုင်တဲ့ ရွာတွေ စာရင်းကောက်တာ၊ အဲဒီရွာတွေနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ဖို့နဲ့ သောက်သုံးရေအလျင်အမြန် ဖြည့်ဆည်းပေးနိုင်ဖို့ အစီအစဉ် ချမှတ် လုပ်ကိုင်နေတယ်လို့လည်း ဆိုပါတယ်။

ရေပြတ်လပ်ရင် ချက်ချင်းတုံ့ပြန်နိုင်ဖို့နဲ့ အချက်အလက်တွေအချိန်နဲ့ တပြေးညီသိရှိနိုင်စေဖို့ www.water-donation.com ဝက်ဘ်ဆိုဒ်မှာ ထုတ်ပြန်ပေးမှာဖြစ်သလို ဖုန်းတွေကအနေ အလွယ်တကူသုံးစွဲနိုင်ဖို့ Water Donation Myanmar အက်ပလီကေးရှင်းကိုလည်း အဲဒီဝက်ဘ်ဆိုဒ်နဲ့ Google Play Store တို့ကနေ မတ် ၁၅ မှာ စတင်ဖြန့်ချိမယ်လို့ ဆိုပါတယ်။

အဲဒီမှာ သောက်သုံးရေ ပြတ်လပ်တာ၊ လှူဒါန်းဖြန့်ဝေတဲ့ အခြေအနေတွေကို သတင်းပေးပို့နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွေကနေ သက်ဆိုင်ရာ ရွာတွေဆီ ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်တွေကို ဖြန့်ဝေထားပြီးဖြစ်တာကြောင့် သောက်သုံးရေ ရှားပါးခဲ့ရင် ဖုန်း၊ ဖေ့စ်ဘုတ်၊ ဗိုက်ဗာ၊ မက်ဆင်ဂျာတို့ကနေလည်း သတင်းပေးပို့နိုင်တာကို အသိပေးထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013