DVB Logo
Home
Lead Story
အသစ်ထွက်ရှိလာသည့် ဆုန်သင်းပါရ်ကိုယ်ပိုင်သံစဉ်သီချင်း-အဖြူရောင်(ရုပ်သံ)
DVB
·
March 11, 2020
အသစ်ထွက်ရှိလာသည့် ဆုန်သင်းပါရ်ကိုယ်ပိုင်သံစဉ်သီချင်း-အဖြူရောင်(ရုပ်သံ)
Donate to DVB

       “အဖြူရောင်စည်းတွေက တို့နှစ်ယောက်အလယ်မှာ ခြားထား… တချိန်မှာ ဒီစည်း လေး တို့ ကျော်မိမလား… အသေအချာ မသိပေမယ့် တိုးတိတ်ရင်ခုန်မိတယ်… ဒါပေမယ့် မိန်းမသားမို့ ခက်ပြီကွယ်”

       ဒါကတော့ အသစ်ထွက်ရှိလာတဲ့ ဝါရင့်အမျိုးသမီး အဆိုတော် ဆုန်သင်းပါရ်ရဲ့ သီ ချင်းသစ်တပုဒ်ထဲက စာသားတွေဖြစ်ပြီး လတ်တလော ပရိသတ်တွေကြားမှာ ရေပန်းစား နေခဲ့တာပါ။

       “အဖြူရောင်”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ နာမည်ကြီး တေးရေး တဦးဖြစ်တဲ့ စံပီးက ရေးဖွဲ့ပေးထားခဲ့တာ ဖြစ်ပါတယ်။

       “အကြင်နာ စကားတွေနဲ့… ဖွဲ့နွဲ့ကာ မဆိုမိလည်း… ခိုင်မာနှောင်ကြိုး ရစ်ပတ် တွယ်ငြိဆဲ… တခါတရံအကြည့်တွေက မရိုးသားတာ ငါသိလည်း… အတူတူဇွတ်တိုးခွင့်မှ တို့မပိုင်ပဲ”

       သူငယ်ချင်းသံယောဇဉ်နဲ့ နှောင်ကြိုးတွေကြား ခြားနားတဲ့ စည်းတွေကြားက လှပ တဲ့ အချစ်ပုံပြင်တပုဒ်လို ဖွဲ့သီထားခဲ့တဲ့ ဒီသီချင်းဟာ ဆုန်သင်းပါရ်ရဲ့ အားကောင်းတဲ့ အသံပါဝါ နဲ့ လိုက်ဖက်နေခဲ့တာကို ခံစားနားဆင်ကြရမှာပါ။

ဒီသီချင်းရုပ်သံကိုတော့ ပရိသတ်အချစ်တော် မျက်နှာသစ်သရုပ်ဆောင်တွေ ဖြစ် ကြတဲ့ အောင်ရေချမ်းနဲ့ မေမြင့်မိုရ်တို့ရဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ ဒါရိုက်တာ ခင်မြန် မာက ရိုက်ကူးပုံဖော်ပေးထားခဲ့တာပါ။

“သူငယ်ချင်းလည်းမက… တကယ်ရည်းစားလည်းမကျမို့… တို့နှစ်ယောက်အဖြစ် ဟာ ဘာလဲကွာ… လူတိုင်းမေးတော့… ဖြေရှင်းရလည်း ခက်ပေါ့… ဒါတွေ နင်မသိတော့ လည်း ခက်ပါစေတော့”

“ကမ္ဘာကြီးက ကျဉ်းတယ်ဆိုပေမယ့်”၊ “သခင်”၊ “အကြင်နာစစ်ရင်”စတဲ့ နာမည် ကျော်သီချင်းတွေနဲ့ ပရိသတ်ချစ်ခင်အားပေးမှုရရှိခဲ့တဲ့ ဆုန်သင်းပါရ်ဟာ လက်ရှိအချိန်ထိ ဂီတလောကမှာ တေးသီချင်းတွေ များစွာ ဆက်လက်သီဆိုလျှောက်လှမ်းနေသူလည်း ဖြစ် ပါတယ်။

သူ့ရဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေဖြစ်တဲ့ “ကိုယ့်အကြောင်းနဲ့ကိုယ်”၊ “ဆက်ရန်”၊ “မင်းကို”၊ “လိုရာဆု”စတဲ့ တေးအယ်လ်ဘမ်တွေအပြင် အတွဲသီချင်းခွေ ပေါင်းများစွာမှာလည်း ပါဝင်သီဆိုခဲ့ပြီး အောင်မြင်မှုရရှိခဲ့သူ ဖြစ်ပါတယ်။

   ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာတော့ “ဖြစ်တည်မှုသီချင်းများ” လို့ အမည်ပေးထားတဲ့ တကိုယ်တော်တေးအယ်လ်ဘမ်သစ်တချပ် ထွက်ရှိထားခဲ့ပါတယ်။

ခုလတ်တလောအသစ်ထွက်ရှိလာတဲ့ “အဖြူရောင်”သီချင်းကိုတော့ Tay Than Thar Music ကနေတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး ၂ ရက်အတွင်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင် ရောက်ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ ၂ သိန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013