DVB Logo
Home
မြန်မာသတင်း
နေတိုး၊ နီနီခင်ဇော်၊ သက်ထားသူဇာတို့ Myanmar’s Pride Award ဆုများရရှိ(ဓာတ်ပုံ)
DVB
·
March 6, 2020
နေတိုး၊ နီနီခင်ဇော်၊ သက်ထားသူဇာတို့ Myanmar’s Pride Award ဆုများရရှိ(ဓာတ်ပုံ)
1 / 4
Donate to DVB

ကဏ္ဍအသီးသီးမှ လေးစားအသိအမှတ်ပြုခံရသူတွေကို ရွေးချယ်ချီးမြှင့်တဲ့  Myanmar’s Pride Awards ဆုချီးမြှင့်ပွဲညမှာတော့ နာမည်ကြီးသရုပ်ဆောင်မင်းသား နေတိုး၊ အဆိုတော် နီနီခင်ဇော်နဲ့ ကြက်တောင်မယ်လေး သက်ထားသူဇာတို့အပါအဝင် အသိပညာရှင်၊ အတတ်ပညာရှင်တွေ အသီးသီးက ဆုတွေ ရရှိသွားကြပါတယ်။

ဒီဆုဟာ ကဏ္ဍအမျိုးမျိုးမှ စွမ်းဆောင်နိုင်သူတွေကို ပေးအပ်ချီးမြှင့်တဲ့ ဆုဖြစ်ပြီး အများပြည်သူကပေးသော မဲတွေနဲ့ သက်ဆိုင်ရာအကဲဖြတ်ဒိုင်လူကြီးတွေရဲ့ မဲတွေကို ပေါင်းစပ်ပြီး ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

Myanmar’s Pride Awards 2019 ရဲ့ “Lifetime Achievement” တသက်တာ ဂုဏ်ထူးဆောင် ထူးချွန်ဆုကိုတော့ ဗိုလ်ကလေး ဦးတင့်အောင်၊ “Best in Sports” ကဏ္ဍအတွက် ကြက်တောင်အားကစားမယ် သက်ထားသူဇာ၊ “Best in Arts & Photography” ကဏ္ဍအတွက် ဓာတ်ပုံပညာရှင် ဝဏ္ဏခွာနီး၊ “Best in Social Work” ကဏ္ဍအတွက် ပရဟိတ လုပ်ငန်းရှင် ဒေါက်တာ သန်းမင်းထွဋ်၊ “Best in Glamour” ကဏ္ဍအတွက် မော်ဒယ်အလှမယ် ဟန်တီ၊ “Best in Vogue” ကဏ္ဍအတွက် ဒီဇိုင်နာ မေမြတ်ဝါဆို၊ “Best in Business”ကဏ္ဍအတွက် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင် မလှလှဝင်း၊ “Best in Trend”ကဏ္ဍအတွက် Beauty & Lifestyle Blogger ဝင်းမင်းသန်း (Yangon In My Heart)၊ “Best in Music”ကဏ္ဍအတွက် အဆိုတော် နီနီခင်ဇော်၊ “Best in Film”ကဏ္ဍအတွက် ရုပ်ရှင်သရုပ်ဆောင် နေတိုးတို့က အသီးသီး ရရှိသွားကြပါတယ်။

      ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့သူကို မဲပေးရွေးချယ်မှုကိုတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၃ ရက်နေ့ကနေ ၂၀၂၀ ပြည့်နှစ်၊  ဖေဖော်ဝါရီ ၁၄ ရက်နေ့အထိ မဲပေးကာလသတ်မှတ်ပေးထားခဲ့တာ ဖြစ်ပါတယ်။

ဆုရွေးချယ်ရာမှာတော့ အများပြည်သူတွေရဲ့ မဲတွေ(SMS စာတိုမှတဆင့် ပေး သောမဲမှ ၄၀ ရာခိုင်နှုန်း၊ Facebook Chatbot မှတဆင့်ပေးသောမဲမှ ၄၀ ရာခိုင်နှုန်း) ၈၀ ရာခိုင်နှုန်းနဲ့  အကဲဖြတ်ဒိုင်လူကြီးတွေက ပေးတဲ့ မဲ ၂၀ ရာခိုင်နှုန်းကို ပေါင်းစပ်ပြီး အဆုံးအဖြတ်ပြုရွေးချယ်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013