ချီလီအစိုးရနဲ့အစိုးရရဲ့ ပညာရေးစနစ်ကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲအတွင်း မတ်လ ၄ ရက်က အထက်တန်းကျောင်းသားတွေနဲ့ရဲတွေ ထိပ်တိုက်တွေ့ ပဋိပက္ခဖြစ်ခဲ့ပါတယ်။
ဆန္ဒပြပွဲကို ထိန်းချုပ်ရာမှာ အဓိကရုဏ်းနှိမ်နှင်းရေးရဲတွေက ကျောင်းသားတွေကို ဖမ်းဆီးခဲ့သလို မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့လည်း ပစ်ခတ်ခဲ့ပါတယ်။
မြေအောက်ရထားခ ဈေးတက်တာကို အကြောင်းပြုပြီး ချီလီမှာ အောက်တိုဘာလကစလို့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ဆန္ဒပြပွဲတွေဟာ ပိုမိုကျယ်ပြန့်လာပြီး ပိုမိုကောင်းမွန်တဲ့ ပင်စင် ၊ ကျန်းမာရေးနဲ့ ပညာရေးတွေကို တောင်းဆိုလာခဲ့ပါတယ်။
အခုဆိုရင် ဆန္ဒပြပွဲစီစဉ်သူတွေက အစိုးရအပေါ် ပိုမိုဖိအားပေးတဲ့ ဆန္ဒပြပွဲတွေကို ပြန်အသက်သွင်းလိုကြပါတယ်။
ဒီဇင်ဘာ ၂၃ ရက်မှာ သမ္မတ စဘတ်ရှန်ပင်ညဲရာက ဖွဲ့စည်းပုံဥပဒေသစ် ပြဋ္ဌာန်းဖို့ရာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်ဖို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဖွဲ့စည်းပုံဥပဒေသစ်ဟာ နိုင်ငံပြန်စည်းလုံးစေမယ့် ခိုင်မာမျှတပြီး တရားဝင်တဲ့ မူဘောင်တခု ကို ပေးအပ်လိမ့်မယ်ဆိုပြိး သမ္မတ ပင်ညဲရာက အခိုင်အမာကတိပြုထားပါတယ်။










