DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံသား ၂ ဦးအပါအဝင် စောင့်ကြည့်လူနာ ၅ ဦးတွင် ရောဂါပိုးမတွေ့ 
DVB
·
March 5, 2020
တရုတ်နိုင်ငံသား ၂ ဦးအပါအဝင် စောင့်ကြည့်လူနာ ၅ ဦးတွင် ရောဂါပိုးမတွေ့ 
Donate to DVB

မြန်မာနိုင်ငံအတွင်းမှာ သံသယလူနာ၊ စောင့်ကြည့်လူနာနဲ့ COVID-19 ရောဂါရှိသူနဲ့ ထိတွေ့ခဲ့သူ ၅ ဦးကို ဓာတ်ခွဲနမူနာတွေရယူပြီး ရန်ကုန် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှာ စစ်ဆေးရာမှာ COVID-19 ရောဂါပိုး မတွေ့ရှိဘူးလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။ 

ဓာတ်ခွဲအဖြေတွေအရ ကန်တော်နဒီ ဆေးရုံမှ အသက် (၂၄) နှစ် အရွယ် အမျိုးသား (၁) ဦး၊ ဝေဘာဂီအထူးကုဆေးရုံမှ အသက် (၂၅) နှစ်အရွယ် တရုတ်နိုင်ငံသား အမျိုးသမီး (၁) ဦး၊ ဝေဘာဂီအထူးကုဆေးရုံမှ အသက် (၃၈) နှစ်အရွယ် တရုတ်နိုင်ငံသား အမျိုးသား (၁) ဦး၊ ကျောက်ပန်းတောင်းမြို့နယ်ဆေးရုံမှ အသက် (၂၆) နှစ်အရွယ် အမျိုးသား (၁) ဦးနဲ့ အသက် (၂၉) နှစ်အရွယ် အမျိုးသမီး (၁) ဦးတို့မှာ COVID-19 ရောဂါပိုးမရှိကြောင်း မနေ့ညက ထုတ်ပြန်လိုက်တာပါ။ 

မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ရောဂါဖြစ်ပွားတဲ့ အတည်ပြု လူနာ မတွေ့ရှိသေးပေမယ့် ရောဂါဖြစ်ပွားသူအများအပြား ရုတ်တရက်တစ်ပြိုင်နက်တွေ့ရှိလာနိုင်ပြီး ပြည်သူတွေထဲမှာ ကူးစက်ဖြစ်ပွားနိုင်တယ်လို့ ကျန်းမာရေးဌာနက သတိပေးထားပါတယ်။

ဒါကြောင့် အခုကာလမှာ  လူစုလူဝေးများပြားရာနေရာတွေနဲ့ ပွဲလမ်းသဘင်တွေကို ရှောင်ကြဉ်ကြဖို့နဲ့ မလွှဲမရှောင်သာကျင်းပရပါက လူအရေအတွက် နည်းနိုင်သမျှနည်းစေဖို့နဲ့ ဖျားနာသူသူ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါရှိသူတွေ မလာရောက်စေရေး အစီအမံတွေ တင်းကျပ်စွာ ပြုလုပ်ဖို့ အသိပေးနှိုးဆော် ပန်ကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013