DVB Logo
Home
မြန်မာသတင်း
ကနန်းဒေသတွင် တပ်မတော်နှင့် ရှမ်းနီလက်နက်ကိုင်တပ်ဖွဲ့တို့ ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်
DVB
·
March 3, 2020
ကနန်းဒေသတွင် တပ်မတော်နှင့် ရှမ်းနီလက်နက်ကိုင်တပ်ဖွဲ့တို့ ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ ကနန်းဒေသမှာ ‌မတ်လ ၂ ရက်နေ့က မြန်မာတပ်မတော်နဲ့  ရှမ်းနီအမျိုးသားတပ်မတော် (SNA) တို့အကြား ပထမဆုံးအကြိမ် တိုက်ပွဲ ဖြစ်ပွားပါတယ်။

ဒေသခံတချို့ရဲ့ ပြောပြချက်အရ နန်းဇားကျေးရွာနဲ့ ပေတာကျေးရွာအကြားမှာ မနေ့မွန်းလွဲပိုင်းက ထိတွေ့ပစ်ခတ်မှုဖြစ်ကြောင်းကိုတော့ အတည်ပြုထားပြီး ရှမ်းနီအမျိုးသား တပ်မတော် (SNA) ရဲ့ တပ်ဖွဲ့ဝင်တဦးကို သေနတ်ဒဏ်ရာနဲ့ လက်ရဖမ်းဆီးရမိ ထားတယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ ဖေဖော်ဝါရီလအတွင်း ဗန်းမောက်မြို့နယ်၊ မံအင်မင်းကုန်းအုပ်စု၊ မတ္တရာရွှေမှော်မှာ ရွှေတူးနေတဲ့ ကုမ္ပဏီကို ဆက်ကြေးတောင်းတာ မရလို့ ဘက်ဟိုး နှစ်စီးကို မီးရှို့ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်စပ်မှု ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒါကို တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ရင်းနဲ့ ထိတွေ့တာဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းနေကြပြီး တိုက်ပွဲကြာချိန်၊ နှစ်ဘက် တပ်ဖွဲ့ဝင်တွေရဲ့ အင်အားနဲ့ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေအတွေတော့  အသေးစိပ် မသိရသေးပါဘူး။ 

အမည်မဖော်လိုတဲ့ ကနန်းဒေသခံ တဦးက "လောလောဆယ်တော့ ဒေသခံတွေက ကြောက်နေတာပေါ့။ ကိုယ့်မှာလည်း လက်နက် မရှိဘူးလေ။ တောအိပ်နေတဲ့သူတွေတောင် မအိပ်ရဲတော့ဘူး။ အေးအေးချမ်းချမ်းပဲနေချင်တယ်။ အထိတ်တလန့်နဲ့ မနေချင်ဘူး"လို့ ပြောပါတယ်။

ထိတွေ့ပစ်ခတ်မှုနဲ့ပတ်သက်လို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဗိုလ်မှူးကြီး သန်းနိုင်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အစည်းဝေးလုပ်နေလို့ နောက်မှ ပြန်ဆက်ပေးမယ်လို့ပဲ ပြောကြားခဲ့ပါတယ်။ 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်ကို မေးမြန်းရာမှာလည်း တပ်ပိုင်းဆိုင်ရာဖြစ်လို့ သူ့အနေနဲ့ ဖြေကြားခွင့် မရှိလို့ တပ်ကိုသာ ဆက်သွယ်မေးမြန်းဖို့ ပြောပါတယ်။ 

ကနန်းဒေသမှာ ရှမ်းနီအမျိုးသားတပ်မတော် (SNA)က ၂၀၁၉ ခုနှစ်ကစတင်ကာ ဆက်ကြေးကောက်ခံတာ၊ လူသစ်စုဆောင်းတာတွေကြောင့် ပြည်သူတွေကြားမှာ သိသိသာသာ သတိထားမိလာတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013