DVB Logo
Home
မြန်မာသတင်း
သမ္မတ ဦးဝင်းမြင့် အိန္ဒိယ ချစ်ကြည်ရေးခရီးစဉ်မှ ပြန်လည်ရောက်ရှိ
DVB
·
March 1, 2020
သမ္မတ ဦးဝင်းမြင့် အိန္ဒိယ ချစ်ကြည်ရေးခရီးစဉ်မှ ပြန်လည်ရောက်ရှိ
Donate to DVB

အိန္ဒိယနိုင်ငံကို ၄ ရက်တာ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့တဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ အဖွဲ့ဟာ မနေ့ညက မြန်မာနိုင်ငံ နေပြည်တော်ကို ပြန်လည်ရောက်ရှိလာကြပါတယ်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ ဇနီးဒေါ်ချိုချိုတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့မနက်ပိုင်းက အိန္ဒိယနိုင်ငံ အဂရာမြို့ရှိ တာ့ဂ်ျမဟာ၊ AKLAKRITI ရွှေချည် ထိုးနဲ့ ကျောက်ဆစ်လုပ်ငန်းတွေကို သွားရောက်ကြည့်ရှုလေ့လာခဲ့ကြပါတယ်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ ကိုယ်စားလှယ် အဖွဲ့ဝင်ဟာ အဂရာမြို့ရှိတာ့ဂ်ျမဟာကို သွားရောက်လေ့လာခဲ့ကြပြီး အိန္ဒိယတာဝန်ရှိသူတွေက တာ့ဂ်ျမဟာ အဆောက်အဦဖြစ်ပေါ်လာတဲ့ နောက်ခံသမိုင်း၊ တာ့ဂ်ျမဟာရဲ့ အနုပညာလက်ရာတွေ ရှင်းလင်းပြသခဲ့ကြပါတယ်။

ဒီနောက် သမ္မတနဲ့အဖွဲ့ဟာ AKLAKRITI သွားရောက်ပြီး စကျင်ကျောက်ကို ကျောက်ဆစ်အတတ် ပညာအသုံးပြု ပြုလုပ်ရောင်းချနေတဲ့ ကိုးကွယ်မှုဆိုင်ရာရုပ်တုတွေ၊ လူအသုံးအဆောင်ပစ္စည်းတွေ၊ ပရိဘောဂပစ္စည်းတွေ၊ လက်မှုပန်းချီကျောက်ချပ်တွေ၊ ရွှေချည်ထိုးလုပ်ငန်းဆောင်ရွက်နေမှုနဲ့  ရွှေချည်ထိုးထုတ်ကုန်တွေ၊ လက်ဝတ်ရတနာတွေ၊ လူသုံးကုန် ပစ္စည်းတွေနဲ့ အဝတ်အထည်တွေကို လှည့်လည်ကြည့်ရှုလေ့လာကြတယ်လို့ သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။

နိုင်ငံတော်သမ္မတနဲ့ အဖွဲ့ဟာ အဂရာမြို့ကနေ အထူးလေယာဉ်နဲ့ ထွက်ခွာခဲ့ကြပြီး နေပြည်တော်ကို ည ၇ နာရီမှာ ပြန်လည်ရောက်ရှိခဲ့ကြပါတယ်။

သမ္မတရဲ့ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ (အမ်အိုယူ)  ၅ ခုနဲ့ စီမံကိန်းသဘောတူညီချက် ၅ ခု စုစုပေါင်း ၁၀ ခုကို နှစ်နိုင်ငံ သံအမတ်ကြီးတွေ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူတွေက သဘောတူလက်မှတ်ရေးထိုးခဲ့ကြတယ်လို့  အိန္ဒိယနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။  

အမ်အိုယူစာချုပ်တွေထဲမှာ  လူကုန်ကူးမှုတားဆီးရေး၊ သစ်၊ ကျားနဲ့ သားရိုင်းတိရစ္ဆာန် မှောင်ခိုမှုနှိမ်နင်းရေး၊ ရေနံထွက်ပစ္စည်းထုတ်လုပ်ရေး၊ ဆက်သွယ်ရေးနဲ့ ဆေးသုတေသန လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေ ပါဝင်သလို ရခိုင်ပြည်နယ်အတွင်း လမ်းတံတား၊ မူကြိုကျောင်းနဲ့ ဆေးရုံတွေမှာ ဆောင်ရွက်မယ့်စီမံကိန်းတွေကိုလည်း သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013