DVB Logo
Home
မြန်မာသတင်း
ကုန်ကြမ်းပြတ်တောက်မှုကြောင့် ဟွာမှုန်အထည်ချုပ်စက်ရုံ ရက်အကန့်အသတ်မရှိ ရပ်နား
DVB
·
February 29, 2020
Donate to DVB

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်က ဟွာမှုန်အထည်ချုပ်စက်ရုံဟာ တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် ကုန်ကြမ်းပစ္စည်းတွေ ပြတ်တောက်နေလို့ ဖေဖော်ဝါရီ ၂၉ ရက်နေ့က စက်ရုံကို ရက်အကန့်အသတ်မရှိ ရပ်နားခဲ့ရတယ်လို့ စက်ရုံတာဝန်ရှိသူတဦးက ပြောပါတယ်။

"စက်ရုံရက်အကန့် အသတ်မရှိ ပိတ်လိုက်ရတာ ဟုတ်ပါတယ်၊ ခုလည်း စာရင်းဇယားတွေ လုပ်နေရတော့ ကျန်တဲ့အသေးစိတ်ကို ပြောလို့ မရသေးပါဘူး" လို့ ဟွာမှုန်အထည်ချုပ် စက်ရုံမန်နေဂျာက ပြောပါတယ်။

စက်ရုံရက်အကန့်အသတ်မရှိ ပိတ်သိမ်းတာနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ လုပ်ခလစာ၊ ကြိုတင်အကြောင်းကြား တလစာ (Notioce ကြေး)၊ နှစ်အလိုက် အလုပ်    ရပ်စဲနစ်နာကြေး နဲ့ အချိုးကျ လုပ်သက်ခွင့်ကြေးများကို တစ်ခါတည်း ပေးသွားမယ်လို့ စက်ရုံကထုတ်ပြန် ထားပါတယ်။

စက်ရုံရပ်နားမယ်ဆိုတာ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ ကြိုတင်ညှိနှိုင်းခဲ့တာလည်း မရှိဘူး ကြေညာတဲ့ အချိန်မှာလည်း ကြိုတင်ညှိနှိုင်းတာမရှိလို့ (Notioce ကြေး) တလစာပေးမယ်လို့ ပြောတာမျိုးတွေရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

"အများစုကတော့ မိသားစုစားဝတ်နေရေးတွေ အခက်အခဲဖြစ်လာမှာပေါ့။ကြေညာတာ ဆုံးတဲ့အချိန်မှာ တချို့အလုပ်သမားတွေက ငိုကြတာပေါ့။ ဒီအနားက ဒေသခံတွေအားလုံးက ဒီစက်ရုံလေးကို မှီခိုပြီးတော့ အလုပ်လုပ်နေကျရတာ၊ ခုဒီလိုဖြစ်တော့ အားလုံးက အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေး အခက်အခဲတွေဖြစ်လာတယ်" လို့ စက်ရုံအလုပ်သမဂ္ဂခေါင်းဆောင်တဦးဖြစ်တဲ့ မစုပုံချစ်က ဒီဗွီဘီကိုပြောပါတယ်။

စက်ရုံ ယာယီရပ်နားကြောင်းကြေညာချိန် ၂၉ ရက်နေ့မှာ အလုပ်လုံးဝလာမဆင်းဖို့၊ လစာ လာထုတ်တဲ့အချိန်မှာ စက်ရုံကပေးအပ်ထားတဲ့ ယူနီဖောင်းနဲ့ ဝန်ထမ်းကတ်တွေကို တခါတည်း ပြန်လည်အပ်နှံဖို့ ကြေညာခဲ့တဲ့အတွက် စက်ရုံအလုပ်သမား ၁၀၀၀ ကျော်က အလုပ်ပြန်လည်မရ ရှိတော့မှာကို စိုးရိမ်နေကြပါတယ်။

ယာယီရပ်နားခဲ့တဲ့ ကန်ကြီးထောင့်မြို့နယ်က ဟွာမှုန်အထည်ချုပ်စက်ရုံဟာ တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး ၂၀၁၄ ခုနှစ်စတင်ဖွင့်လှစ်ခဲ့တဲ့ စက်ရုံလည်းဖြစ်ပါတယ်။

ကန်ကြီးထောင့် ဟွာမှုန်အထည်ချုပ်စက်ရုံမှာ ဒီဇင်ဘာ ၉ ရက်နေ့က စတင်ကာ အလုပ် သမားတွေက သပိတ်မှောက်ခဲ့ပြီး သပိတ်မှောက်တဲ့ ရက်ပေါင်း ၃၆ ရက်ပြည့်မြောက်တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ အလုပ်ရှင်အလုပ်သမား နှစ်ဦးနှစ်ဘက် ပြေလည်မှုရရှိခဲ့ပြီး လုပ်ငန်း ပြန်လည်စတင်လုပ်တာ ၄၆ ရက်သာ ရှိသေးတဲ့ စက်ရုံလည်းဖြစ်ပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013