DVB Logo
Home
မြန်မာသတင်း
ရခိုင်အရေး မည်သည့်နိုင်ငံတကာတရားရေးအဖွဲ့၏ ကြိုးပမ်းမှုကိုမှ မြန်မာလက်မခံ
DVB
·
February 28, 2020
ရခိုင်အရေး မည်သည့်နိုင်ငံတကာတရားရေးအဖွဲ့၏ ကြိုးပမ်းမှုကိုမှ မြန်မာလက်မခံ
Donate to DVB

ရခိုင်အရေးနဲ့ပတ်သက်ပြီး မြန်မာပြည်တွင်းမှာ ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေ ရှိနေသေးလို့ ဘယ်နိုင်ငံတကာတရားရေး (သို့မဟုတ်) ဥပဒေအဖွဲ့ရဲ့ ကြိုးပမ်းမှုကို မဆို လက်မခံကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ဖေဖော်ဝါရီ ၂၇ ရက်က ကျင်းပတဲ့ (၄၃) ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ “ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာနှင့် အခြားလူနည်းစုတို့နှင့် စပ်လျဉ်းသည့် လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ” အပေါ် အပြန်အလှန်ဆွေးနွေးပွဲမှာ  မြန်မာဘက်က တုံ့ပြန်ပြောကြားခဲ့တာပါ။

မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက “ကုလသမဂ္ဂရဲ့ များစွာသော ယန္တရားတွေနဲ့ အထူးစစ်ဆေးမှုအောက်မှာ မျှတမှုမရှိ ပစ်မှတ်ထားတာဟာ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး  မြန်မာအစိုးရရဲ့ ကြိုးပမ်းမှုတွေအပေါ် အပြုသဘော အထောက်အကူမဖြစ်ဘူး” လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ရခိုင်အရေးကိစ္စ တာဝန်ခံမှု၊ တာဝန်ယူမှုနဲ့ပတ်သက်လို့လည်း မြန်မာနိုင်ငံဟာ ကိုင်တွယ်ဖြေရှင်းဖို့ ဆန္ဒရှိသကဲ့သို့ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းလည်းရှိကြောင်း၊ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE)ရဲ့ အချက်အလက် စုဆောင်းရေးနှင့် စိစစ်ရေးအဖွဲ့ (ECVT) ရဲ့ ရှာဖွေတွေ့ရှိချက်အရ လူမျိုးတုန်းသတ်ဖြတ်မှု ရည်ရွယ်ချက်နဲ့ ကျူးလွန်ခဲ့တဲ့ အရိပ်လက္ခဏာမရှိကြောင်းလည်း မြန်မာကိုယ်စားလှယ်က ပြောပါတယ်။

လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို ဖောက်ဖျက်မှုနဲ့ ဂမ်ဘီယာနိုင်ငံက  မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ)မှာ တရားစွဲထားတဲ့အမှုမှာ ကြားဖြတ်ပါဝင်တရားစွဲမယ်လို့ မော်လဒိုက်နိုင်ငံက လူ့အခွင့်အရေး ကောင်စီအစည်းအဝေးမှာ ကြေညာထားတာဖြစ်ပါတယ်။

မြန်မာအမြဲတမ်းကိုယ်စားလှယ်ကတော့ ရခိုင်ပြည်နယ်ပဋိပက္ခ ပြဿနာရဲ့ အရင်းအမြစ်ကို ဓမ္မဓိဌာန်ကျကျ အလုံးစုံခြုံငုံကြည့်ရှုဖို့ အသိုက်အဝန်းများအကြား သမိုင်းကြောင်းအရ တင်းမာမှု၊ မယုံကြည်မှုနှင့် ကြောက်ရွံ့မှုတို့ကြောင့် ဖြစ်ပေါ်လာတဲ့ လူသားတို့၏ စိတ်ခံစားချက်များကိုလည်း မျက်ကွယ်မပြုဘဲ ကိုလိုနီခေတ်ကတည်းက နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းသွားလာမှု၊ ဆင်းရဲနွမ်းပါးမှု၊ တရားဥပဒေစိုးမိုးမှုနဲ့ လုံခြုံရေးအားနည်းမှုတို့ အပါအဝင် နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ကိစ္စအားလုံးကိုပါ ထည့်သွင်းစဉ်းစားဖို့ တိုက်တွန်း ပြောကြားသွားပါတယ်။

ဒါ့အပြင် အာဆာရဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ဟာ ရခိုင်ပြည်နယ်အရေး ရေရှည်တည်တံ့သည့်အဖြေရရှိရေး ဆောင်ရွက်မှုမှာ အစိုးရရဲ့ ကြိုးပမ်းမှတွေကို အားလျော့စေရုံမက လူအစုလိုက် အပြုံလိုက် နေရပ်စွန့်ခွာမှုနဲ့ လက်ရှိလူသားချင်းစာနာမှုအခြေအနေများကို ဖြစ်ပေါ်စေခဲ့တဲ့အပြင် တပ်မတော်နှင့် အေအေအကြား လက်နက်ကိုင်ပဋိပက္ခဟာလည်း  ပြဿနာအား ပိုမိုရှုပ်ထွေးစေပြီး စိန်ခေါ်မှု တိုးပွားလာစေတယ်လို့လည်း ပြောသွားပါတယ်။

ဓာတ်ပုံ- MOFA

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013