DVB Logo
Home
မြန်မာသတင်း
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် သီတဂူဆရာတော်၏ပုံတူကြေးရုပ်တု ထားရှိပူဇော်
DVB
·
February 23, 2020
Donate to DVB

သီတဂူဆရာတော်ဘုရားကြီးရဲ့ ပုံတူကြေးရုပ်တုကို စစ်ကိုင်းမြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ဝန်းအတွင်းမှာ ဖေဖော်ဝါရီ ၂၃ ရက် မနက်ပိုင်းက ထားရှိ ပူဇော်ထားတယ်လို့ သီတဂူမြန်မာမှုအဖွဲ့မှ သိရပါတယ်။ 

သီတဂူဆရာတော်ကြီး ပုံတူ ကြေးရုပ်တုကို သီတဂူမြန်မာမှုအဖွဲ့ကသီတဂူ ဆရာတော်ဘုရားကြီးရဲ့ မွေးနေ့မင်္ဂလာအထိမ်းအမှတ်အနေနဲ့ လှူဒါန်းတာ ဖြစ်ပါတယ်။ 

သီတဂူ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရရဲ့ ပုံတူကြေးရုပ်တုကို ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ထိုင်တော်မှုပုံစံ သွန်းလောင်းထားတာပါ။ 

ပုံတု ကြေးရုပ်တုက အမြင့်ပေ ၅ ပေခွဲရှိပြီး ကြေးပိဿချိန် ၂၅၀ ရှိပါတယ်၊ ကုန်ကျငွေ အနေနဲ့ ကျပ်သိန်း ၁၈၀ လောက် ကုန်ကျတယ်လို့ သိရပါတယ်။ 

သော်တာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013