DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းလွှတ်တော် ဒုညွှန်ချုပ်ကို တာဝန်မှ ယာယီရပ်စဲ
DVB
·
February 22, 2020
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်သူရကို တာဝန်က ယာယီရပ်စဲလိုက်တယ်လို့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ရက်စွဲနဲ့ ပြည်ထောင်စုလွှတ်တော်ရုံးကနေ အမိန့်စာထုတ်ပြန်ခဲ့ပါတယ်။

ပြည်ထောင်စုတရားလွှတ်တော်ရုံးရဲ့ အမိန့်ကြော်ငြာစာအမှတ် ၁၉/၂၀၂၀ နဲ့ ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၁၇၂ အရ ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းကစလို့ တာဝန်ကနေ ယာယီရပ်စဲလိုက်တယ်လို့ အမိန့်စာမှာ ပါရှိပါတယ်။

"အမိန့်စာထွက်တာက ဟုတ်တယ်။ ဘာကြောင့်ဆိုတာတော့ မသိရသေးဘူး" လို့ လွှတ်တော်ရှိ သတင်းရင်းမြစ်တဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းလွှတ်တော်ဥက္ကဌ ဦးသန်းကို ဒီဗွီဘီက တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာတော့ အစည်းဝေးလုပ်နေတယ်လို့ သိရပြီး တိုက်ရိုက်မေးမြန်းခွင့် မရခဲ့ပါဘူး။ 

ဦးကျော်သူရက ဒုတိယအကြိမ် စစ်ကိုင်တိုင်းဒေသကြီးလွှတ်တော်မှာ တာဝန်ထမ်း ဆောင်နေတာ ၃ နှစ်ကျော်ရှိပြီဖြစ်ပါတယ်။ 

သူနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ လွှတ်တော်ရုံးဝန်ထမ်းတချို့က အဂတိတိုက်ဖျက်ရေးကော်မရှင်ကို ၂၀၁၉ ခုနှစ်၊ မတ်လက တိုင်တန်းတာတွေလည်း ရှိခဲ့ပါတယ်။

တိုင်ကြားမှုကို အဂတိတိုက်ဖျက်ရေးကော်မရှင်က တာဝန်ရှိသူတချို့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှာလည်း ကနဦးလာရောက်စစ်ဆေးတာတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။

လက်ရှိ တာဝန်က ယာယီရပ်စဲတဲ့ အကြောင်းအရင်း အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013