DVB Logo
Home
မြန်မာသတင်း
မတရားသင်းဆက်သွယ်မှုဖြင့် ဖမ်းဆီးခံရသည့် ကချင်ဘာသာရေးဆရာ ၂ ဦး လွတ်မြောက်
DVB
·
February 21, 2020
မတရားသင်းဆက်သွယ်မှုဖြင့် ဖမ်းဆီးခံရသည့် ကချင်ဘာသာရေးဆရာ ၂ ဦး လွတ်မြောက်
Donate to DVB

ကချင်တော်လှန်ရေးနေ့ အခမ်းအနား ပြုလုပ်ခဲ့တယ်ဆိုပြီး  မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) နဲ့အမှုဖွင့် ဖမ်းဆီးခံထားတဲ့ ကချင်ဘာသာရေးဆရာ ၂ ဦး  ဖေဖော်ဝါရီ ၂၀ ရက်က မြစ်ကြီးနားထောင်ကနေ ပြန်လွတ်မြောက်လာပါတယ်။ 

သူတို့ကို ပုဒ်မ ၁၇ (၁) နဲ့ အမှုဖွင့်ခဲ့တဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)ရဲ့ ဝန်တင်တပ်ဖွဲ့က ဒုတိယဗိုလ်မှူးကြီး ဇော်လင်းအောင်က အမှုပြန်လည်ရုပ်သိမ်းပေးလိုက်လို့ ပြန်လွတ်လာတာလို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မြစ်ကြီးနားဇုန် တာဝန်ခံ သိက္ခာတော်ရ ဆရာလဝေါလ်က ပြောပါတယ်။ 

“တရားလိုဖြစ်တဲ့ ဒုတိယ ဗိုလ်မှူးကြီးဇော်လင်းအောင် သူလည်းညွှန်ကြားချက်အရ အမှု လာရုပ်သိမ်းပေးတာပေါ့။ ”

ဖမ်းဆီးခံထားရတဲ့ ဘာသာရေးဆရာ ၂ ဦးအပြင် ဖေဖော်ဝါရီ ၅ ရက်က ကချင်တော်လှန်ရေးနေ့ သရုပ်ဖော်ပြဇာတ်မှာ ပါဝင်ခဲ့တဲ့  ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့က ဦးဇော်လတ်နဲ့ ကိုလွမ်အောင် တို့ကိုလည်း အမှုကနေ ရုပ်သိမ်းပေးလိုက်ပြီ ဖြစ်ပါတယ်။ 

“ဆရာတော် နှစ် ပါးကျတော့ အထဲမှာပေါ့လေ။ အကျဉ်းထောင်ထဲမှာ။ ကျန်တဲ့နှစ် ယောက်ကျတော့ ၁၇(၁) ပဲ။ ဦးဇော်လတ်နဲ့ကိုလွမ်အောင်ဆိုတာ နှစ်ယောက်ရှိတယ်။ သူတို့ လေးယောက်စလုံးကိုအမှု  ရုပ်သိမ်းလိုက်တယ်။”

ဖေဖော်ဝါရီ ၅ ရက်မှာ ကျရောက်တဲ့ ၆၀  ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အနေနဲ့  ဆုတောင်းပွဲအစီအစဉ်ကို မြစ်ကြီးနားမြို့ ဂျော်ဘွမ်ဆုတောင်းတောင်မှာ ပြုလုပ်ခဲ့တာပါ။

ဒီဆုတောင်းပွဲမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ သိက္ခာတော်ရဆရာတော် Rev. Bima Dau Lum နဲ့ မြစ်ကြီးနားဇုန်နယ် လူငယ်တာဝန်ခံ ဆရာ Tu Htang တို့ကို တပ်မတော်က ပုဒ်မ ၁၇(၁) နဲ့တရားစွဲဆိုပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ဖမ်းဆီးခဲ့တာပါ။ 

သူတို့ကို ရဲစခန်းမှာ ၅ ရက်ထိန်းသိမ်းထားပြီးနောက် မြစ်ကြီးနားအကျဉ်းထောင်မှာ ၁၀ ရက် ဆက်လက်ဖမ်းဆီးထားကာ မနေ့တုန်းက ရမန်ယူဖို့ ရုံးချိန်းမှာ အမှုရုပ်သိမ်းလို့ ပြန်လည်လွတ်မြောက်လာတာဖြစ်တယ်လို့ ပြန်လွတ်လာသူ ဆရာTu Htang က ပြောပါတယ်။ 

“နှစ်ဦးသဘောတူ ကျေအေးလိုက်တဲ့အခါကျတော့ အေးအေးဆေးဆေးဖြစ်သွားတာပေါ့။ ကျနော်တို့ဘက်ကလည်း ကျေးဇူးတင်ပါတယ်။ ကျနော်တို့ကို ရမန်ယူတဲ့ ၂၀ ရက်နေ့ ရုံးထုတ်မှာ ကွင်းလုံးကျွတ် အပြီးအပြတ်လွှတ်ပေးဖို့ သူတို့စီစဉ်တာ။ ကျနော်တို့ လွတ်မြောက်ဖို့အတွက် အစစအရာ ကူညီပေးခဲ့တဲ့လူတချို့ရယ်၊ ပြီးတော့ ကျနော်တို့ အသင်းတော်နဲ့အသင်းသူအ သင်းသားများကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်”

တရားစွဲဆိုဖမ်းဆီးခံထားရသူတွေ ပြန်လွတ်ရေးအတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC၊ မြစ်ကြီးနားဇုံနယ်အသင်းတော်၊ ငြိမ်းချမ်ရေးကွန်ယက် (PCG)၊ ကချင်ရှေ့နေအများအသင်း၊  ကချင်အမျိုးသားအတိုင်ပင်ခံ စတဲ့အဖွဲ့က အဖွဲဝင် ၁၇ ဦးဖွဲ့ပြီး တပ်မတော်နဲ့ ဆွေးနွေးခဲ့ရပါတယ်။ 

နှစ်ဘက်အပြန်အလှန် သဘောထားကြီးစွာနဲ့ ညှိနှိုင်းနိုင်ခဲ့လို့ ပြန်လွတ်လာလာတာလို့ ဆရာလဝေါလ်က ပြောပါတယ်။ 

ဓာတ်ပုံ - Jabrim Lahpai

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013