DVB Logo
Home
မြန်မာသတင်း
အနန့်ပါဗုံးကြဲမှုတွင် ဒဏ်ရာရသူများကို ဆေးကုပေးပါက မတရားသင်းဆက်သွယ်မှုဖြင့် အရေးယူမည်
DVB
·
October 31, 2022
အနန့်ပါဗုံးကြဲမှုတွင် ဒဏ်ရာရသူများကို ဆေးကုပေးပါက မတရားသင်းဆက်သွယ်မှုဖြင့် အရေးယူမည်
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဗုံးထိမှန် ဒဏ်ရာရသူတွေကို အစိုးရနဲ့ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေမှာ  ဆေးကုသခွင့် မပြုတဲ့အပြင် ဆေးကုပေးပါက မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ-၁၇(၁) နဲ့ တရားစွဲမယ်လို့ စစ်ကောင်စီတပ်က အသိပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အောက်တိုဘာ ၂၃ ရက်က ကေအိုင်အေ နှစ်ပတ်လည်နေ့ စတိတ်ရှိုးကျင်းပနေစဉ် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ  ၆၂ ယောက်နဲ့ ဒဏ်ရာရသူ ၆၀ ကျော် ရှိတယ်လို့  KIA က ထုတ်ပြန်အသိပေးခဲ့ပေမယ့် ဒေသခံတွေက သေဆုံးသူ ထပ်တိုးပြီး သေဆုံးသူ  ၈၀ ကျော်ပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒေသခံအမျိုးသား တဦးက "လေယာဉ်နဲ့ ဗုံးကြဲပြီးနောက်ရက် မနက်ကစပြီး ဖားကန့်အဝင်အထွက် ပိတ်လိုက်တယ်။ ကူညီကယ်ဆယ်ရေး သွားလို့ မရသလို အရေးပေါ်ဆေးဝါးလည်း ပို့လို့ မရဘူး။ ဒဏ်ရာ ပြင်းထန်သူတွေ သွေးထွက်လွန်ပြီး သေကုန်တယ်။ ဆေးရုံဆေးခန်းတွေမှာ ဆေးကုသွား ဖို့  ညှိနှိုင်းပေမဲ့ လုံးဝညှိ မရဘူး။ အခုလည်း ဆေးရုံ၊ ဆေးခန်းတွေမှာ ဆေးကုတာ တွေ့ရင် မတရားအသင်း ဆက်သွယ်မှုနဲ့ ဖမ်းဆီးအရေးယူမယ်လို့ ပြောသံကြားနေရတယ်"လို့ ပြောပါတယ်။

ဖားကန့်မြို့နယ်မှာ အတားအဆီး အစစ်အဆေးတွေ တင်းကျပ်ထားပြီး အနန့်ပါဒေသကို သွားလာခွင့် စစ်ကောင်စီတပ်ဘက်က ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013