DVB Logo
Home
မြန်မာသတင်း
လပွတ္တာ ကဏန်းပျော့လုပ်ငန်း ဝယ်လိုအားကောင်းပြီး စျေးကောင်းရနေ
DVB
·
February 20, 2020
လပွတ္တာ ကဏန်းပျော့လုပ်ငန်း ဝယ်လိုအားကောင်းပြီး စျေးကောင်းရနေ
1 / 5
Donate to DVB

ဧရာဝတီတိုင်းက ရေထွက်ပစ္စည်းတွေနဲ့ အခြားပို့ကုန် လုပ်ငန်းတွေ ရပ်တန့်နေပေမယ့် လပွတ္တာမြို့နယ်က ကဏန်း အရေပျော့လုပ်ငန်းဟာ စျေးကွက်ဝယ်လိုအားကောင်းပြီး စျေးကောင်းရရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကဏန်း အရေပျော့လုပ်ငန်းကို လပွတ္တာမြို့နယ်အတွင်း ကျေးရွာတွေမှာ အများဆုံးမွေးမြူပြီး ရန်ကုန်မြို့ကတဆင့် ဂျပန်၊ စင်ကာပူ၊ တရုတ်နဲ့ ဥရောပနိုင်ငံတွေကို တင်ပို့နေတာပါ။ 

လက်ရှိအချိန်မှာ စျေးကွက်ဝယ်လိုအားများနေပြီး ၁ ကီလိုကို ၁၇၀၀၀ ရရှိတယ်လို့ ဒေသခံ အောင်ကောင်းယံ ကဏန်းအရေပျောမွေးမြူရေးကန် မန်နေဂျာ ဦးဌေးကျော်က ဒီဗွီဘီကိုပြောပါတယ်။

"လက်ရှိ ကဏန်းအရေပျော့လုပ်ငန်းကတော့ စျေးကွက်ကိုသိပ်ပြီးတော့ မထိခိုက်ပါဘူး၊ ရောင်းတဲ့ ပစ္စည်းတွေကို ပုံမှန်ယူနေသေးတယ် အခက်အခဲတော့မရှိပါဘူး။ ဂျပန်နဲ့ အမေရိကန်ကို အဓိကပို့တာဆိုတော့ မထိခိုက်ပါဘူး။"

ကဏန်းအရေပျော့ မွေးမြူတဲ့လုပ်ငန်းဟာ ကဏန်းအခွံမာကောင်တွေက ဝယ်ယူကာ ပြန်လည်မွေးမြူရတဲ့လုပ်ငန်းဖြစ်ပြီး ကဏန်းအရေပျော့မွေးမြူတဲ့ကန်တွေမှာ တခြံကို လုပ်သား အနည်းဆုံး ၂၀ ကနေ အများဆုံး ၅၀ ရှိကာ လစာ ၁ သိန်း ၂ သောင်းမှ ၂ သိန်းအထိပေးတယ်လို့ သိရပါတယ်။

အလုပ်သမားတဦးဖြစ်တဲ့ ဒေါ်မိငယ်က "ခုချိန်ထိတော့ အဆင်ပြေပါတယ်။ ထမင်းလည်းကျွေးတယ် လစာကလည်း ၁ သိန်းခွဲ လောက်ရတော့ မြို့တက်ပြီး အလုပ်မလုပ်နိုင်သူတွေအတွက် အဆင်ပြေပါတယ်။ အစာကျွေးရတယ်၊ ၄ နာရီခြားတခါ ခြင်းဖော်ရတယ်။ ပေါ့ပေါ့ပါးပါးဆိုတော့ အခက်အခဲလည်းမရှိပါဘူး၊ မိသားစုကိုလည်း ပြန်ထောက်ပံ့လို့ရတယ်" လို့ ပြောပါတယ်။

ကဏန်းအရေးပျော့မွေးမြူဖို့အတွက် ကဏန်းအခွံမာကို ဝယ်ယူပြီး ခြေထောက်နဲ့ လက် လေးချောင်းကို ဖြတ်ကာ ရေထဲချပြီး အစားကျွေးမွေးမြူရတာဖြစ်ပြီး ရေထဲချလိုက်တဲ့ ကဏန်း အခွံမာတွေက ၄ နာရီခြား အရေခွံပြောင်းလဲချိန်မှာ အလျင်မီအောင် ဆယ်ယူမှသာ ကဏန်း အရေပျော့ကို ရနိုင်မှာဖြစ်ပါတယ်။

မူဆယ်မြို့ကနေတဆင့် တရုတ်နိုင်ငံတင်ပို့နေတဲ့ ဂိတ်တွေကို တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ့်နဲ့ ပတ်သက်ပြီး ပိတ်ထားလိုက်ချိန်မှာ လပွတ္တာမှာရှိတဲ့ ကဏန်းဒိုင်တွေနဲ့ ကဏန်း လုပ်သားတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရသလို ကဏန်းထောင်တဲ့လုပ်သားတွေ နည်းပါးလာတာကြောင့် ရေရှည်သာဆက်သွားခဲ့ရင် ကဏန်းအရေပျော့မွေးမြူရေး လုပ်ငန်းအတွက် လည်း ထိခိုက်လာနိုင်တယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013