DVB Logo
Home
မြန်မာသတင်း
ကမ်းလွန်လုပ်ကွက် မဟာ ၁ အစမ်းတွင်းမှ တနေ့ဓာတ်ငွေ့ပျမ်းမျှ ကုဗပေ ၃၈ သန်းကျော်ထွက်မည်
DVB
·
February 18, 2020
ကမ်းလွန်လုပ်ကွက် မဟာ ၁ အစမ်းတွင်းမှ တနေ့ဓာတ်ငွေ့ပျမ်းမျှ ကုဗပေ ၃၈ သန်းကျော်ထွက်မည်
Donate to DVB

မြန်မာ့ကမ်းလွန်လုပ်ကွက် A-3 ရှိ မဟာ ၁ အစမ်းတွင်းကနေ  သဘာဝဓာတ်ငွေ့ တနေ့ကို ပျမ်းမျှ ကုဗပေ ၃၈ သန်းကျော်အထိ ထွက်ရှိမယ်လို့ စမ်းသပ်အတည်ပြုနိုင်တဲ့ အကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီလုပ်ကွက်မှာ တောင်ကိုရီးယား  POSCO ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှု ၅၁ ရာခိုင်နှုန်း၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းက ၁၅ ရာခိုင်နှုန်း၊ အိန္ဒိယ ONGC ကုမ္ပဏီက ၁၇ ရာခိုင်နှုန်း၊ အိန္ဒိယ GAIL ကုမ္ပဏီမှ ၈ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ကိုရီးယား  KOGAS ကုမ္ပဏီက ၈ ဒသမ၅ ရာခိုင်နှုန်း အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

မဟာ ၁  တွင်းကို ၂၀၁၉ နိုဝင်ဘာ ၂၉ ရက်က Top Hole စတင်တူးဖော်ခဲ့ပြီး ၂၀၂၀ ဇန်နဝါရီ ၁၉ ရက်မှာ ရည်မှန်းအနက် ၂၅၉၈ မီတာ (၈၅၂၄ ပေ) ထိ ရောက်ရှိ တူးဖော်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မဟာ ၁ တွင်းမှာ စမ်းသပ်တိုင်းတာရရှိတဲ့ အချက်အလက်တွေအရ သဘာဝ ဓာတ်ငွေ့ ခိုအောင်းနေတဲ့ ရည်မှန်းသဲကြော G4 ကို အနက် ၁၁၄၇ မီတာမှာ တွေ့ရှိခဲ့ပြီး သဲကြောအထူ ၁၂ မီတာ (၄၀ ပေ) ခန့်မှ သဘာဝဓာတ်ငွေ့ ထုတ်လုပ်နိုင်မှု စမ်းသပ်ခြင်း (Drill Stem Test) ကိုဆောင်ရွက်ခဲ့ရာ သဘာဝဓာတ်ငွေ့ တနေ့ကို ပျမ်းမျှ ကုဗပေ ၃၈သန်းကျော် အထိ စမ်းသပ်ရရှိကြောင်း အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကမ်းလွန်လုပ်ကွက်အမှတ် A-3 အတွင်းမှာ ကိုရီးယားအခြေစိုက် POSCO international ကုမ္ပဏီက မြ(၁) ရှာဖွေရေးတွင်းကို ၂၀၀၅ ခုနှစ်မှာ စတင်တူးဖော်ခဲ့ပြီး သဘာဝဓာတ်ငွေ့ စီးပွားဖြစ်တွေ့ရှိခဲ့ပါတယ်။

 ဒီနောက် ၂၀၀၉ ခုနှစ်မှာ လုပ်ကွက်အမှတ် A-1 ရှိ ရွှေသဘာဝ ဓာတ်ငွေ့နဲ့ လုပ်ကွက်အမှတ် A-3 ရှိ မြသဘာဝဓာတ်ငွေ့တို့ကိုပေါင်းပြီး ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ တနေ့ သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ၅၀၀ ခန့် ထုတ်လုပ် ဖြန့်ဖြူးခြင်းလုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံအနောက်ဘက် ကမ်းလွန်လုပ်ကွက် A-3 မှာတည်ရှိတဲ့ သဘာဝဓာတ်ငွေ့ အစမ်းတွင်း မဟာ(၁) တူးဖော်နေမှုကို ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ်အစိုးရလျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနဲ့ တာဝန်ရှိသူတွေက ဖေဖော်ဝါရီ ၁၇ ရက်မနက်က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013