DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-ပြည်ကားလမ်းတွင် တရားမဝင်သစ်ကားနှင့် ခရီးသည်တင်ကားတိုက်မိ
DVB
·
February 18, 2020
ရန်ကုန်-ပြည်ကားလမ်းတွင် တရားမဝင်သစ်ကားနှင့် ခရီးသည်တင်ကားတိုက်မိ
1 / 5
Donate to DVB

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ အဝင် ရန်ကုန်-ပြည်ကားလမ်းမိုင်တိုင်အမှတ် ၆၈ အနီးမှာ တရားမဝင် ကျွန်းခွဲသားတွေ တင်ဆောင်လာတဲ့ကားနဲ့ ခရီးသည်တင်ကားတို့တိုက်မိရာ တရားမဝင်သစ်ကား ယာဉ်မောင်းထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

ASIA ခရီးသည်တင်ကားပေါ်ပါသူတဦးက "အခုမှောက်တဲ့ကားက ပြည်ဘက်က မောင်းလာတာ၊ ကျနော်တို့ကားက ရန်ကုန်ကနေလာတာ။ ဒီနားရောက်ခါနီးမှာ နောက်ကပါလာတဲ့ ဧရာသစ္စာ ခရီးသည်တင်ကားက ကျနော်တို့ကားကိုကျော်တက်ပြီး မောင်းအထွက်အခုမှောက်တဲ့ ကားက မလွတ်လို့ လမ်းအောက်အထိရှောင်ပေးပြီး ကားလမ်းပေါ်ပြန်အတက်မှာ မှောက်တာ။ ကျနော်တို့ကားရှေ့မှာ ဒိုင်နာကားတစ်စီးရှိတယ်။ ကားကလမ်းပေါ်ပြန်အတက်မှာ အခြေအနေ မဟန်မှန်းသိလို့ ကျနော်တို့ကားက မှေးမောင်းနေတာကို အဲ့ဒီကားကမှောက်ပြီး ကျနော်တို့ကားကို လာရိုက်မိတာ။ ကားပေါ်မှာခရီးသည်က နည်းတယ်။ ထိခိုက်မိတဲ့သူ မရှိဘူး"လို့ပြောပါတယ်။

NISSAN အဖြူရောင်ခြောက်ဘီးကားဖြစ်ပြီး တရားမဝင် ကျွန်းခွဲသား ၆ တန်ခန့်ပါရှိ ပါတယ်။ ယာဉ်မောင်းထွက်ပြေးသွားတဲ့အတွက် ပိုင်ရှင်ပေါ်ပေါက်ရေးကို တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနနဲ့ ဥက္ကံနယ်မြေရဲစခန်းတို့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013