DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့ ယာယီကားဝင်းနေရာ ဆိုင်ခန်းများ မဲစနစ်ဖြင့် ရွေးချယ်ပေးမည်
DVB
·
February 15, 2020
မန္တလေးမြို့ ယာယီကားဝင်းနေရာ ဆိုင်ခန်းများ မဲစနစ်ဖြင့် ရွေးချယ်ပေးမည်
Donate to DVB

မန္တလေးမြို့၊ ချမ်းမြရွှေပြည် အဝေးပြေးယာဉ်ရပ်နားစခန်းကနေ ယာယီယာဉ်ရပ်နားစခန်းမှာ ပြောင်းရွှေ့ နေရာချထားပေးဖို့အတွက် ကားဂိတ် ဆိုင်ခန်း နေရာတွေကို ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ မဲစနစ်နဲ့ ရွေးချယ်မယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ပြောပါတယ်။

ကားဂိတ်လုပ်ငန်းရှင်တွေနဲ့ ဈေးဆိုင်ခန်းတွေ အဆင်ပြေအောင်နဲ့ ဆိုင်ခန်းမရသူ မရှိအောင်လည်း ကြိုးစားဆောင်ရွက်ပေးမယ်လို့ စည်ပင်ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောပါတယ်။

“၁၆ ရက်နေ့မှာ မဲနှိုက်ဖို့ လုပ်သွားမှာပေါ့နော်၊ လုပ်မယ့်အခါမှာလည်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေ၊ တကယ့်လုပ်ငန်းရှင်ကြီးတွေအနေနဲ့လည်း ညှိနှိုင်းပြီး လုပ်သွားမှာပေါ့နော်၊ အဲဒီတော့ ကျနော်တို့ တကယ့်ရွှေ့ပြောင်းမယ့် နေရာကိုလည်း ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်သွားမှာပါ။”

ကျွဲဆည်ကန်ကားဝင်းကို အဆင့်မြှင့်တင်ဖို့အတွက် M-Development Corporation (Myanmar) ကုမ္ပဏီက ယခင်စည်ပင်သာယာရေးကော်မတီလက်ထက် ၂၀၁၅ မှာ B.O.T စနစ်နဲ့ နှစ် ၅၀ လုပ်ကိုင်ခွင့် ရထားတာပါ။

ယခင် သဘောတူချုပ်ဆိုထားတဲ့ စာချုပ်ကို ပြန်လည်ပြင်ဆင်ခွင့်ရအောင် တင်ဒါအောင်ထားတဲ့ ကုမ္ပဏီနဲ့ အကြိမ် နှစ်ဆယ်လောက် ညှိနှိုင်းဆွေးနွေးခဲ့ပြီး သဘောတူစာချုပ်ရဲ့ ၈၀ ရာခိုင်နှုန်းခန့်ရအောင် ပြန်လည်ညှိနှိုင်းနိုင်ခဲ့တယ်လို့ စည်ပင်ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောပါတယ်။

“ကားကွင်းရဲ့ စီမံခန့်ခွဲခွင့်ကို ကျနော်တို့ စည်ပင်သာယာကနေ စီမံခန့်ခွင့်ရအောင် လုပ်နိုင်ခဲ့တယ်။ တစ်နှစ်ကို စည်ပင်ကို သိန်းသုံးထောင် ပေးသွင်းရတဲ့ အနေအထားတင်မကဘဲနဲ့ ကားကွင်းထဲဝင်နေတဲ့ ကားဂိတ် ကားအသွားအလာတွေ မှန်သမျှကို ဝင်ကြေးကောက်ခံတဲ့ ဝင်ငွေအားလုံးကို စည်ပင်သာယာကနေ လွှဲပြောင်းလုပ်နိုင်ခဲ့တယ်။ ပုံစံဒီဇိုင်းတွေကအစ အရင်တုန်းက သူတို့တင်ထားတဲ့ပုံစ့နဲ့ မတူဘဲ ကျနော်တို့ စင်ကာပူပညာရှင်အဖွဲ့တွေနဲ့ တည်ဆောက်ဖို့ ဒီဇိုင်းတွေကအစ ပြန်လည်ပြင်ဆင်ဖို့ ဖြစ်လာခဲ့တယ်။ အရင်တုန်းက တင်တဲ့ပုံစံနဲ့တော့ တခြားစီ ဖြစ်လာခဲ့တယ်။ ကျနော်တို့ မြို့အတွက် ဒီပုံစံမျိုး ဆောက်မှသာ လက်သင့်ခံနိုင်တဲ့ အနေအထားရှိတဲ့ ပုံစံအနေအထားပေါ့နော်။ ကျနော်တို့ရဲ့ Structure ပိုင်းတွေမှာက လိုအပ်တဲ့ အပိုင်းတွေကို သူတို့ ပထမဆုံး တင်ပြထားတဲ့အပိုင်းတွေက လက်သင့်မခံနိုင်တာတွေ ရှိလို့ အတတ်နိုင်ဆုံး ကျနော်တို့ မြို့တော်ဝန်ကြီးနဲ့ ကော်မတီဝင်တွေအားလုံးက လိုအပ်တဲ့ ပုံစံတွေ ပြန်လည်ပြင်ဆင် ပြောင်းလဲနိုင်ခဲ့တယ်ပေါ့နော်” လို့ ပြောပါတယ်။

၁၅ ဧကလောက် ကျယ်တဲ့ ကျွဲဆည်ကန် ကားဝင်းကို အဆင့်မြှင့်တင်ရာမှာ အချိန်န် ၂ နှစ်လောက် ကြာမြင့်မှာဖြစ်ပြီး ကားဝင်းရဲ့ သုံးပုံတပုံလောက်ကို ဈေးဝယ်စင်တာတွေ ထည့်သွင်းတည်ဆောက်မယ်လို့ သိရပါတယ်။ 

ယာယီကားဝင်းကတော့ မန္တလေးမြို့ တံခွန်တိုင်အဝိုင်းအနီးမှာ တည်ရှိတာလည်း ဖြစ်ပါတယ်။ 

ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013