DVB Logo
Home
မြန်မာသတင်း
၂၀၂၀ ရွေးကောက်ပွဲတွင် သူရဦးရွှေမန်းပါတီ ၅၀ ရာခိုင်နှုန်း နိုင်မည်မျှော်မှန်း
DVB
·
February 14, 2020
၂၀၂၀ ရွေးကောက်ပွဲတွင် သူရဦးရွှေမန်းပါတီ ၅၀ ရာခိုင်နှုန်း နိုင်မည်မျှော်မှန်း
Donate to DVB

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေနဲ့ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ၅၀ ရာခိုင်နှုန်းအနိုင်ရဖို့ မျှော်မှန်းထားတယ်လို့ ပါတီခေါင်းဆောင် သူရ ဦးရွှေမန်းက ဒီဗွီဘီကို ပြောပါတယ်။

ဖေဖော်ဝါရီ ၇ ရက်က နေပြည်တော်ရှိ ပါတီရုံးခန်းမှာပြုလုပ်ခဲ့တဲ့ ဒီဗွီဘီရုပ်မြင်သံကြား အစီအစဉ်ရဲ့ ရုပ်သံစကားဝိုင်းတခုမှာ သူရဦးရွေမန်းကို တက္ကသိုလ်ကျောင်းသားတဦးက မေးမြန်းရာမှာ ဖြေဆိုသွားတာပါ။

"ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေနဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ၄၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ အောင်မြင်မှုရမယ်လို့ မျှော်မှန်းထားပါတယ်။ ဒါလည်း ကျနော်တို့အနေနဲ့ သေသေချာချာ တွက်ချက်ပြီးတော့ ရောက်ရှိတဲ့ ပြည်သူများရဲ့ ဒေသကအနေအထားကို လေ့လာသုံးသပ်ခဲ့ခြင်း ဖြစ်ပါတယ်၊ပညာရှင်တွေ လုံလောက်စွာ ရှိပါတယ်"လို့ သူရ ဦးရွှေမန်းက ပြောပါတယ်။

သူရဦးရွှေမန်းရဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဟာ ၂၀၁၉ခုနှစ်အတွင်း တည်ထောင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ပြည်ထောင်စုတဝန်းလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီဖြစ်ပါတယ်။

ပါတီတည်ထောင်ခွင့်ရပြီးကတည်းက ဒေသအနှံ့မှာ ပါတီရုံးခွဲတွေ ဖွင့်လှစ် စည်းရုံးလှုပ်ရှားမှုတွေလည်း ပြုလုပ်နေပါတယ်။

သူရဦးရွှေမန်းဟာ စစ်အစိုးရလက်ထက်က တပ်မတော်ထိပ်တန်းတာဝန်တွေ ထမ်းဆောင်ဖူးသူတဦးဖြစ်သလို ကြံ့ခိုင်ရေးပါတီခေါင်းဆောင်ဟောင်းတဦးလည်းဖြစ်ပြီး  ၂၀၁၀ ကနေ ၂၀၁၅အထိ လွှတ်တော်ဥက္ကဋ္ဌ တာဝန်နဲ့ နာယကတာဝန်တွေ ထမ်းဆောင်ဖူးသူဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013