
ဒီမနက်အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အက်စတွန်ဗီလာက အီတလီကလပ် ဘိုလော့ဂ်နာကို အဝေးကွင်းမှာ (၃-၁) ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ပွဲအစမှာ အိမ်ရှင် ဘိုလော့ဂ်နာက ဖိကစားနိုင်ခဲ့ပြီး ကွန်ဆာရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိမှုကလည်း VAR ကြောင့် လူကျွံဘော ဖြစ်သွားပါတယ်။
ဒါပေမဲ့ ပြိုင်ဘက် ဂိုးသမားနဲ့ နောက်တန်းအမှားတွေကနေ ဗီလာအတွက် ကွန်ဆာနဲ့ ဝက်ကင်းစ်တို့က ဂိုးတွေ အသီးသီး သွင်းယူခဲ့ပါတယ်။
ပွဲချိန် မိနစ် ၉၀ မှာ ဘိုလော့ဂ်နာ ကစားသမား ဂျိုနသန်ရိုးဝ်က ချေပဂိုး ၁ ဂိုး ပြန်သွင်းနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ပွဲပြီးခါနီး နောက်ဆုံးအချိန်လေးမှာပဲ ဝက်ကင်းစ်က ထောင့်ကန်ဘောက တဆင့် ဗီလာအတွက် တတိယဂိုးကို ထပ်သွင်းသွားပါတယ်။
ဒါကြောင့် နောက်အပတ် ဗီလာကွင်းဆီကို ပြန်သွားကစားရမဲ့ ဒုတိယအကျော့မတိုင်ခင် အက်စတွန်ဗီလာတို့ ဆီမီးဖိုင်နယ်တက်ဖို့ အခြေအနေကောင်းသွားပြီ ဖြစ်ပါတယ်။











