DVB Logo
Home
မြန်မာသတင်း
ကယား လဝကဝန်ကြီးအဖြစ် လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်ဝန်ကြီးကို ဝန်ကြီးချုပ် အဆိုပြု
DVB
·
February 11, 2020
ကယား လဝကဝန်ကြီးအဖြစ် လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်ဝန်ကြီးကို ဝန်ကြီးချုပ် အဆိုပြု
Donate to DVB

ကယားပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူကို ကယားပြည်နယ် ဝန်ကြီးချုပ်က  ကယားပြည်နယ်လွှတ်တော်ကို အဆိုပြု တင်သွင်းထားပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ဒုတိယအကြိမ်‌ ကယားပြည်နယ်လွှတ်တော်ရဲ့ ၁၆ ကြိမ်မြောက်ပုံမှန် အစည်းအဝေး (ပထမနေ့)မှာ ဝန်ကြီးချုပ်ကတင်သွင်းလာတဲ့ လဝက ဝန်ကြီးကို ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်အစည်းအဝေးမှာ တင်ပြထားပါတယ်။

ဝန်ကြီးချုပ်က တင်သွင်းလာတဲ့ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး နဲ့ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်တွေအနနဲ့ ကန့်ကွက်လိုပါက အမည်စာရင်းတင်သွင်းပြီး လာမယ့် ဖေဖော်ဝါရီ ၁၄ ရက်နေ့ ကျင်းပမယ့် လွှတ်တော်အစည်းအဝေး ဒုတိယနေ့ ဆွေးနွေးမှာဖြစ်ပါတယ်။  

ပြီးခဲ့တဲ့ ၁၅ ကြိမ် ကယားပြည်နယ် လွှတ်‌တော်ပုံမှန်အစည်းအဝေးမှာ ကယားပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ပြည်နယ်ဝန်ကြီးချုပ်က တင်သွင်းခဲ့တဲ့ ဦးတင်ဌေးကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ပြီး လျှို့ဝှက်မဲဆန္ဒ ရယူရာမှာ လွှတ်တော်ကိုယ်စားလှယ် ၁၉ ဦးထဲက ကန့်ကွက်သူ ၁၆ မဲ၊ ထောက်ခံမဲ ၃ မဲဖြစ်တာကြောင့် ဦးတင်ဌေးကို ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီးဌာနဝန်ကြီးအဖြစ် သဘောမတူခဲ့ပါဘူး။  

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013