DVB Logo
Home
မြန်မာသတင်း
လူ့အခွင့်အရေး အာမခံချက်အပြည့်အဝပေးနိုင်သည့် ဖွဲ့စည်းပုံပေါ်ထွန်းရေးကြိုးပမ်းနေ
DVB
·
February 7, 2020
Donate to DVB

ပြည်ထောင်စုဖွား တိုင်းရင်းသားခေါင်းဆောင်ကြီးတွေရဲ့ မျှော်လင့်ချက်အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အမျိုးသား တန်းတူရေး၊ အမျိုးသားညီညွတ်ရေး၊ ဒီမိုကရေစီနှင့် အခြေခံလူ့အခွင့်အရေးတွေကို အာမခံချက်အပြည့်အဝပေးနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းလာရေးကို ကြိုးပမ်းဆောင်ရွက်နေတယ်လို့ သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။

 ဖေဖော်ဝါရီ ၇ ရက်မှာကျရောက်တဲ့  ၇၃ နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ နိုင်ငံတော် သမ္မတက ပြောသွားတာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှဦ လွတ်လပ်ရေးရရှိခဲ့တာ နှစ်ပေါင်း ၇၀ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် တိုင်းရင်းသားညီအစ်ကိုအချင်းချင်းအကြား စိတ်ဝမ်းကွဲပြားခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားလာခဲ့ရာ ယနေ့ထက်တိုင် ဒေသတချို့မှာ သေနတ်သံမစဲနိုင်သေးဘဲ ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေဆဲ ဖြစ်နေရတာ  ဝမ်းနည်းစရာကောင်းတယ်လို့ သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။

တိုင်းရင်းသားခေါင်းဆောင်တေ မျှော်မှန်းခဲ့တဲ့ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့ ပင်လုံစိတ်ဓာတ်နဲ့ ဆက်လက်ကြိုးပမ်းမယ်၊ တိုင်းရင်းသားအားလုံးရဲ့ စည်းလုံးညီညွတ်မှုဟာ ပြည်ထောင်စုကြီးရဲ့ အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမောင်းနှင်အား ဖြစ်တယ်၊ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ သာတူညီမျှခြင်းနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိခြင်းဆိုတဲ့ အနှစ်သာရပြည့်ဝတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို အားလုံး ပူးပေါင်းလက်တွဲ ကြိုးပမ်းဖို့  သမ္မတက တိုက်တွန်းပါတယ်။ 

တောင်တန်း၊ ပြည်မ မခွဲခြားဘဲ မြန်မာတနိုင်ငံလုံးမှာ လွတ်လပ်ရေးကို အတူတကွရယူဖို့ ဆုံးဖြတ်နိုင်ခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်နေ့ (ရှမ်းအမျိုးသားနေ့) အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ရှမ်းပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားတွေကို နှစ်စဉ် ကျင်းပလေ့ရှိပြီး အခုနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပျံ့နှံ့ဖြစ်ပွားနေတဲ့အတွက် တရုတ်နယ်စပ်နဲ့ နီးတဲ့ မူဆယ် ဘက်မှာ  အခမ်းအနား ကျင်းပမယ့် အစီအစဉ်တွေ ရုပ်သိမ်းထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013