DVB Logo
Home
မြန်မာသတင်း
နိုင်ငံတည်ငြိမ်ဖွံ့ဖြိုးရေး နိုင်ငံသားအားလုံး ပူးပေါင်းအကောင်အထည်ဖော်ရန် သမ္မတ တိုက်တွန်း
DVB
·
January 4, 2020
Donate to DVB

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အဘက်ဘက်က အခြေအနေကောင်းတွေ၊ အလားအလာကောင်းတွေရလာနေပြီဖြစ်လို့ နိုင်ငံသူ နိုင်ငံသားအားလုံး ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းအကောင်အထည်ဖော်ကြရမယ်လို့ သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွေကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားတာဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်း မဖြေရှင်းနိုင်တဲ့အတွက် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေဟာ ဒီနေ့အထိ နှစ်ပေါင်း ၇၀ ကျော်ဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်း မဖြေရှင်းနိုင်တဲ့အတွက် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေဟာ ဒီနေ့အထိ နှစ်ပေါင်း ၇၀ ကျော်ဖြစ်နေခဲ့တယ်လို့လည်း သမ္မတက ဆိုပါတယ်။

ဒီပဋိပက္ခတွေကြောင့် နိုင်ငံတော်တည်ဆောက်ရေးအတွက်လိုတဲ့ လူ့စွမ်းအားနဲ့ သဘာဝ အရင်းအမြစ် တွေကိုချည့်နဲ့စေပြီး ဖွံ့ဖြိုးတိုးတက်တာ နှောင်းနှေးနေတုန်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုရဖို့ တိုင်းရင်းသားညီအကိုမောင်နှတွေအားလုံး နားလည်ယုံကြည်မှု ရဖို့အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံအစည်းအဝေးတွေ ၃ ကြိမ်အထိ ကျင်းပနိုင်ခဲ့ပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် သဘောတူညီချက် တချို့ကိုလည်း ရထားပြီလို့ သမ္မတက ဆိုပါတယ်။

ပြီးတော့ တို့တာဝန်အရေး ၃ ပါးကိုလည်း အမျိုးသားရေးတာဝန်အဖြစ် အစဉ်အမြဲ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရမှာဖြစ်ပြီး မူးယစ်ဆေးဝါးပြဿနာကို ထိထိရောက်ရောက် တားဆီး ကာကွယ်ရေး ကိုလည်း အမျိုးသားရေးတာဝန်တရပ်အဖြစ် ဆက်လက် ဆောင်ရွက်သွားကြရမယ်လို့ ဆိုပါတယ်။

ဒေသအလိုက်ရှိနေတဲ့ သယံဇာတနဲ့ အရင်းအမြစ်တွေကို ရှာဖွေဖော်ထုတ်ပြီး ဈေးကွက် စီးပွားရေး စနစ်နဲ့အညီ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးအောင်မြင်စေရေး ဘက်ပေါင်းစုံက ကူညီပံ့ပိုးပေးရမယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

နိုင်ငံတဝန်းတည်ငြိမ်အေးချမ်းလာတာနဲ့အမျှ တိုင်းနဲ့ပြည်နယ်တွေ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက် လာစေရေး၊ မြို့ပြနဲ့ကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက်လျော့နည်းစေရေး၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ပွင့်လန်းလာစေရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးပေး ဆောင်ရွက်နိုင်မယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013