DVB Logo
Home
မြန်မာသတင်း
ကလေးပြုစုပျိုးထောင်ရန် ခက်ခဲမှု အဆိုးဆုံးနိုင်ငံစာရင်းတွင် မြန်မာက ကမ္ဘာ့အဆင့် ၄ ရပ်တည်
DVB
·
January 31, 2020
Donate to DVB

ကလေးသူငယ်ပြုစုပျိုးထောင်ဖို့ ခက်ခဲမှု အဆိုးဝါးဆုံးနိုင်ငံတွေ စာရင်းမှာ မြန်မာနိုင်ငံက ကမ္ဘာ့အဆင့် ၄ နဲ့ ရပ်တည်နေပါတယ်။

ဒါကတော့ ဝါရှင်တန်ဒီစီအခြေစိုက် U.S. News & World Report က စစ်တမ်း ကောက်ယူဖော်ပြထားတာဖြစ်ပြီး အဲဒီစာရင်းမှာ ကလေးသူငယ်ပြုစုပျိုးထောင်မှု အကောင်းဆုံးနဲ့ အဆိုးဝါးဆုံးနိုင်ငံတွေ စာရင်းကို ဖော်ပြထားတာပါ။

အဆိုးဝါးဆုံး ၁၀ နိုင်ငံစာရင်း ထိပ်ဆုံးမှာတော့ ကာဇက်စတန်၊ လက်ဘနွန်နဲ့ ဂွါ တီမာလာတို့က ရှိနေပြီး သူတို့နောက်မှာ မြန်မာနိုင်ငံက ရပ်တည်နေတာပါ။

မြန်မာနိုင်ငံနောက်မှာတော့ အိုမန်၊ ဂျော်ဒန်၊ ဆော်ဒီအာရေးဘီးယား၊ အဇာဘိုင်ဂျန်၊ တူနီးရှား၊ ဂါနာနိုင်ငံတွေ အစဉ်လိုက် ရပ်တည်နေကြတာ ဖြစ်ပါတယ်။

ကလေးသူငယ်ပြုစုပျိုးထောင်မှု အကောင်းဆုံး ထိပ်တန်း ၁၀ နိုင်ငံစာရင်းမှာတော့ ဒိန်းမတ်၊ ဆွီဒင်နဲ့ နော်ဝေနိုင်ငံတွေက ထိပ်ဆုံးက ရပ်တည်နေပြီး သူတို့နောက်မှာတော့ ကနေဒါ၊ နယ်သာလန်၊ ဖင်လန်၊ ဆွစ်ဇာလန်၊ နယူးဇီလန်၊ ဩစတေးလျနဲ့ ဩစတီးယား နိုင်ငံတွေက အသီးသီး ရှိနေကြတာပါ။

ထိပ်တန်းနိုင်ငံ ၂ နိုင်ငံဖြစ်တဲ့အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေကတော့ ကလေးသူ ငယ်ပြုစုပျိုးထောင်မှု အကောင်းဆုံး ထိပ်တန်း ၁၀ နိုင်ငံစာရင်းမှာ ပါဝင်လာခြင်း မရှိခဲ့ပါ ဘူး။

ဒိန်းမတ်နိုင်ငံရဲ့ မီးဖွားခွင့်ပေးတဲ့ စနစ်ကတော့ အီးယူနိုင်ငံတွေထဲမှာ သက်တောင့် သက်သာအဖြစ်ဆုံးစနစ်တခုဖြစ်နေပြီး မိဘ ၂ ပါးစလုံးဟာ ကလေးမီးဖွားခွင့်အတွက် သီတင်းပတ် ၅၂ ပတ်စီ ရရှိကြပြီး  မိခင်ကတော့ ကလေးမွေးဖွားမယ့်ရက်မတိုင်ခင် ၄ ပတ် ကြိုတင်ခွင့်ယူနိုင်တယ်လို့ ဆိုပါတယ်။

ခုလိုထုတ်ပြန်လိုက်တာဟာ အာရှ၊ ဉရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံ တွေစုစုပေါင်း ၇၃ နိုင်ငံမှ ၂ သောင်းထက်မနည်းတဲ့ လူတွေကို အမျိုးအမယ်မတူညီတဲ့ သုတေသနကဏ္ဍ ၆၅ ခုအပေါ် အခြေခံကောက်ယူပြီး ထုတ်ပြန်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013