DVB Logo
Home
မြန်မာသတင်း
လေကနေ ကူးစက်သည့်ရောဂါများ ကာကွယ်ရန် ပြည်သူများအသိရှိနေဟု ကျန်းမာရေးဝန်ကြီးပြော
DVB
·
January 28, 2020
လေကနေ ကူးစက်သည့်ရောဂါများ ကာကွယ်ရန် ပြည်သူများအသိရှိနေဟု ကျန်းမာရေးဝန်ကြီးပြော
Donate to DVB

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ အပါအဝင် လေထဲကနေတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေအတွက် မြန်မာနိုင်ငံသားတွေဟာ ဆောင်ရန် ရှောင်ရန်တွေကို သိရှိထားပြီးဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

ဇန်နဝါရီ ၂၇ ရက်က ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှာ ပြုလုပ်တဲ့ ၂၀၁၉ ဝူဟန် ကိုရိုနာဗိုင်းရပ်စ်အကြောင်း သိကောင်းစရာ ဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောတာပါ၊

မြန်မာနိုင်ငံအနေနဲ့ ဝူဟန် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး စတင်မဖြစ်ခင်ကတည်းက H1N1  ရာသီတုပ်ကွေး ဖြစ်ပွားဖူးတာတွေ ရှိတဲ့အတွက် လေထဲက ကူးစက်တဲ့ရောဂါတွေ ကာကွယ်မှုအပိုင်းမှာ ကောင်းမွန်တဲ့အသိတွေကို ပြည်သူတွေက ရနေတယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု အခြေအနေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ မကြေညာသေးသလို လူအချင်းချင်း ကူးစက်မှုအတွက်လည်း Limited Human Diseasesလို့ ထုတ်ပြန်ထားကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၂၈ ရက်အထိ နောက်ဆုံးရရှိထားတဲ့ စာရင်းအရ တရုတ်နိုင်ငံ အပါအဝင် ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူပေါင်း ၄၅၀၀ ကျော်အထိ မြင့်တက်လာနေပြီး သေဆုံးသူ ၁၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။ 

သတင်း - မေစု၊ ဓာတ်ပုံ-MOHS

ကိုရိုနာ ဗိုင်းရပ်စ် သတင်းများ အချိန်နှင့်တပြေးညီ စုစည်းတင်ဆက်မှု
LIVE Updates: ==> http://burmese.dvb.no/archives/368575

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013