DVB Logo
Home
မြန်မာသတင်း
ငရုတ်ကောင်းမြို့တွင် ၄ ရက်အတွင်း ပိုင်ရှင်မဲ့ နွား ၁၈၅ ကောင် ဖမ်းမိ
DVB
·
January 26, 2020
ငရုတ်ကောင်းမြို့တွင် ၄ ရက်အတွင်း ပိုင်ရှင်မဲ့ နွား ၁၈၅ ကောင် ဖမ်းမိ
Donate to DVB

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မှာ ၄ ရက်အတွင်း ပိုင်ရှင်မဲ့ နွား ၁၈၅  ကောင် ဖမ်းမိထားတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးက ပြောပါတယ်။

ငပုတောမြို့နယ်နဲ့ ငရုတ်ကောင်းမြို့မှာရှိတဲ့ ကျေးရွာအုပ်စုများအနီး ရခိုင်ရိုးမနဲ့ ထိဆက်နေတဲ့ တောစပ်နေရာတွေမှာ ပိုင်ရှင်မဲ့နွားတွေကို ဇန်နဝါရီ ၂၂ ရက်က စတင်ဖမ်းဆီးရမိခဲ့ပြီး ဇန်နဝါရီ ၂၆ ရက်အထိ ၁၈၅ ကောင် ဖမ်းမိထားတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတဦးက ပြောပါတယ်။

"ကျွေချိုင်၊ နံသာပုနဲ့ နတ်မော်ကျေးရွာအုပ်စုတွေက တောစပ်တွေမှာ နွားတွေ အုပ်စုလိုက် တွေ့မိတာကို ဒေသခံရွာသားတွေ သတင်းပေးလို့ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေက အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတွေပေါင်းပြီး ဖမ်းမိခဲ့တာ ခုထိဆို ၁၈၅ ကောင်မိထားပါပြီ၊ အကုန်လုံးကတော့ ခုထိပိုင်ရှင်မပေါ်ပါဘူး။" 

လက်ရှိအခြေအနေအရ အဲဒီနွားတွေကို အုပ်ချုပ်ရေးအဖွဲ့နဲ့ တာဝန်ရှိသူတွေက ထိန်းသိမ်းစောင့်ရှောက်ပေးထားပေမဲ့ ခုထိ ပိုင်ရှင် တဦး တယောက်မှ လာဆက်သွယ်တာမျိုး မရှိသေးဘူးလို့ နတ်မှော်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။

"နွားတွေက နေ့စဉ်ဖမ်းမိနေတာ။ အရေအတွက်က တိတိကျကျ ပြောလို့မရသေးတာ၊၊ ဆက်စပ်တရားခံကို ဖော်ထုတ်ဖို့ လုပ်နေပါတယ်"လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။

နွားတွေကို ပိုင်ဆိုင်တဲ့သူတွေက ဒေသခံနွားကျောင်းသားတွေကို အငှားကျောင်းခိုင်းထားတာ ဖြစ်ပြီး ရဲတပ်ဖွဲ့က သတင်းအရ မသင်္ကာလို့ နွားတွေကို ဖမ်းဆီးစစ်ဆေးချိန်မှာ နွားကျောင်းသား တွေက ထွက်ပြေးပြီး ပိုင်ရှင်မဲ့နွားတွေဖြစ်ကုန်တာလို့ ဒေသခံတွေကပြောပါတယ်။

ဧရာဝတီအတိုင်းရှိ မြို့နယ်တွေထဲက နွားတွေကို နည်းလမ်းမျိုးစုံနဲ့ ခုလိုစုထားပြီး ရခိုင်ပြည်နယ်က လာတဲ့ ဂါးစက်လှေနဲ့ တင်ယူကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တင်ပို့တာလို့ ဒေသခံက ပြောပါတယ်။

မင်းထက်မုန်း(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013