DVB Logo
Home
Lead Story
ဝတ်မှုန်ရွှေရည်ပါဝင်သရုပ်ဆောင်ထားသည့် AR-T သီချင်း-‘နင်ငါ့ကိုမချစ်ဘူး’(ရုပ်သံ)
DVB
·
January 23, 2020
Donate to DVB

“ဝင်လာတဲ့ဒီအကြောင်းတွေများစွာ… ခေါင်းပေါ်ရွက်ထားတယ်… အလိမ်အညာနဲ့ မုသားတွေများစွာ ငါ့ရင်ဘတ်ထဲထည့်… ရင်နာစရာ စာရွက်ကလေးနဲ့”

ဒါကတော့ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ် ရေပန်းစားနေတဲ့ ‘နင်ငါ့ ကိုမချစ်ဘူး’သီချင်းထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။

ပရိသတ်အချစ်တော်အဆိုတော် AR-T သီဆိုထားတဲ့ ဒီသီချင်းကိုတော့ နာမည်ကြီး တေးရေးဆရာ ဝေကြီးက ရေးစပ်ပေးထားခဲ့တာ ဖြစ်ပါတယ်။

“လူမမြင်ရအောင် လွမ်းတဲ့အကြောင်းတွေ မျိုးစုံထည့်ထားတယ်… အဖြူရောင် စက္ကူစပေါ် တံဆိပ်တွေ မျိုးစုံကပ်ထားတယ်… ဒဏ်ရာတွေ ယူလာခဲ့တယ်… ငါမသိ ဘူး… မင်းရက်စက်မှာကို… ငါမထင်ဘူး… မင်းထားခဲ့မှာကို... ဟူး… ငါ့ကိုမချစ်ဘူး… မင်းအသစ်တွေ့တဲ့အခါ… မေ့ပစ်လိုက်စမ်းပါ… လှည့်တောင်မကြည့်ဘူး… စွန့်ပစ်လိုက် စမ်းပါ… ဟိုး အတိတ်က မင်းရဲ့ အနားမှာ ရှိနေခဲ့သောငါ”

သရုပ်ဖော်ဇာတ်လမ်းတပုဒ်အနေနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ ဒီသီချင်းကိုတော့ Two Guys in Town က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး သရုပ်ဆောင်မင်းသမီး ဝတ်မှုန်ရွှေ ရည်၊ Willy တို့နဲ့အတူ အဆိုတော် AR-T ကလည်း ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားခဲ့ တာ ဖြစ်ပါတယ်။

ဒီသီချင်းဟာ ရုပ်သံဗွီဒီယိုအနေနဲ့ ထွက်မလာခင်ကတည်းက ပရိသတ်တွေကြား မှာရော ပရိသတ်တွေကြားမှာပါ ‘နင်ငါ့ ကိုမချစ်ဘူး’ဆိုတဲ့ စာသားနဲ့အတူ နာမည်ကြီး နေခဲ့တာ ဖြစ်ပါတယ်။

“အရာမထင်တဲ့ ဒီပြက္ခဒိန်များစွာ… ဒိတ်တွေကုန်သွားတယ်… မလာချင်တဲ့သူ အ နားမှာ မရှိတာ နှစ်တွေကြာသွားတယ်… မျှော်နေတယ် ဒီစာရွက်ကလေးရယ်… ထင် ထားခဲ့တာတွေ တခုမှဖြစ်မလာဘူး… ဟူး… ငါ့ကိုမချစ်ဘူး… မင်းအသစ်တွေ့တဲ့အခါ… မေ့ပစ်လိုက်စမ်းပါ… ဟူး… လှည့်တောင်မကြည့်ဘူး… စွန့်ပစ်လိုက်စမ်းပါ… ဟိုး အ တိတ်က မင်းရဲ့ အနားမှာ ရှိနေခဲ့သော ငါ”

လတ်တလောမှာတော့ ဒီသီချင်းရုပ်သံဗွီဒီယိုဖိုင်ဟာ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013