DVB Logo
Home
မြန်မာသတင်း
ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီတာဝန်ရှိသူ ၃ ဦးကို အဂတိအမှုဖြင့် စွဲချက်တင်အမိန့်ချ
DVB
·
January 22, 2020
ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီတာဝန်ရှိသူ ၃ ဦးကို အဂတိအမှုဖြင့် စွဲချက်တင်အမိန့်ချ
Donate to DVB

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ တရားရင်ဆိုင်နေရတဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အမှု ၄ မှု၊ GGS ကုမ္ပဏီမှ တာဝန်ရှိသူ ၃ ဦးကို အမှု ၂ မှုနဲ့ တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်က ဇန်နဝါရီ ၂၁ ရက်နေ့မှာ စွဲချက်တင် အမိန့်ချလိုက်ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မတီက ၂၀၁၉ ခုနှစ်၊ မတ်လက ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာဦးအောင်မြတ်နဲ့ ဦးသူရအုံတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ နဲ့ တရားစွဲဆိုခဲ့ပြီး တရားလိုပြသက်သေ ၈၄ ဦးကို စစ်ဆေးပြီးနောက် အခုလို စွဲချက်တင် အမိန့်ချခဲ့တာပါ။

စွဲချက်တင် အမိန့်ချပြီးနောက် ဒေါက်တာလဲ့လဲ့မော်နဲ့ GGS ကုမ္ပဏီမှ တာဝန်ရှိသူ ၃ ဦးက တရားလိုပြသက်သေ ၃၁ ဦးကို ပြန်ခေါ်စစ်ဆေးပေးဖို့ တင်ပြခဲ့တယ်လို့ တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ပြောပါတယ်။

“နောက်ရုံးချိန်းကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ကို ချိန်းဆိုထားပါတယ်။ ပြန်ခေါ်သက်သေ ဦးသန်းဇော်၀င်းနဲ့ ဦးဖြိုးဝင်းထွန်းတို့ကို စစ်ဆေးဖို့ ချိန်းထားခြင်းပဲ ဖြစ်ပါတယ်။”

စွဲချက်အမိန့်နဲ့ပတ်သက်လို့ မကျေနပ်ပါက တရားရုံးများလက်စွဲပုဒ် ၇၇၆ အရ အမိန့်ချမှတ်တဲ့နေ့မှ ရက်ပေါင်း ၆၀ အတွင်းမှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ပြင်ဆင်မှု လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

ဒေါက်တာလဲ့လဲ့မော်နဲ့ ဦးသိန်းထွေး၊ ဦးအောင်မြတ်၊ ဦးသူရအုံတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ထားဝယ် မြို့မရဲစခန်းမှာ အမှု ၄ မှုနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ပြီးခဲ့တဲ့နှစ် မတ်လ ၁၀ ရက်နေ့က အမှုဖွင့်ပြီး မတ်လ ၂၅ ရက်နေ့မှာ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်ကို ရုံးထုတ်ပြီး တရားစွဲတင်ခဲ့တာ ဖြစ်ပါတယ်။

တင့်လွင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013