DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံကို လာသည့် ဝူဟန်မြို့က ခရီးသည်များ ဖျားနာပါက သတင်းပို့ရန် ကျန်းမာရေးဌာန သတိပေး
DVB
·
January 11, 2020
မြန်မာနိုင်ငံကို လာသည့် ဝူဟန်မြို့က ခရီးသည်များ ဖျားနာပါက သတင်းပို့ရန် ကျန်းမာရေးဌာန သတိပေး
Donate to DVB

တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ မြန်မာနိုင်ငံကို ရောက်လာတဲ့ ခရီးသည်တွေအနေနဲ့ ဖျားနာတာတွေရှိရင် ကျန်းမာရေးဌာနတွေကို အမြန်ဆုံးသတင်းပို့ဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ခရီးသည်တွေအနေနဲ့ ဖျားတာ၊ ချောင်းဆိုးတာ၊ အသက်ရှူကြပ်တာစတဲ့ တုပ်ကွေးဆန်တဲ့ ရောဂါ လက္ခဏာတွေ ဖြစ်နေရင်၊ လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း အဲဒီလက္ခဏာတွေဖြစ်ခဲ့ရင်၊ ဒါမှမဟုတ် မြန်မာနိုင်ငံကိုရောက်ပြီး ၁၄ ရက်အတွင်း ဖြစ်လာမယ်ဆိုရင် လေဆိပ်ကျန်းမာရေးဌာနနဲ့ နီးစပ်ရာကျန်းမာရေးဌာနတွေကို အမြန်ဆုံးသတင်းပို့ဖို့ လေဆိပ်ကျန်း မာရေးဌာနခွဲက သတိပေးထားပါတယ်။

လာသတင်းပေးသူတွေကို အခမဲ့ကုသပေးမှာဖြစ်ပြီး အခုလိုထုတ်ပြန်တာဟာ တရုတ်နိုင်ငံမှာ ပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါတမျိုး ဖြစ်ပွားနေတာကြောင့်လို့ ဆိုပါတယ်။

ဝူဟန်မြို့မှာ ၂၀၁၉ခုနှစ် ဒီဇင်ဘာ ၁၂ ရက်ကစလို့ ဖျားတာ ၊အသက်ရှူရခက်တဲ့ ရောဂါလက္ခဏာတွေနဲ့ လူနာတယောက် စတွေ့ခဲ့ရပြီး အခုထိတော့ ဘာရောဂါလဲဆိုတာကို ဓာတ်ခွဲ အတည်ပြုလို့ မရသေးပါဘူး။

ဇန်နဝါရီ ၅ ရက်အထိ ရောဂါဖြစ်သူ ၅၉ ယောက်ရှိပြီး ၇ ယောက်ကတော့ ပြင်းပြင်းထန်ထန် ဖြစ်နေတာပါ။

ဒီလိုဖြစ်ပွားနေလို့ နိုင်ငံတကာလေဆိပ်တွေဖြစ်တဲ့ ဟောင်ကောင်၊ ထိုင်ဝမ်၊ စင်ကာပူ၊ ထိုင်းနဲ့ ရုရှားနိုင်ငံတို့ဟာ ဝူဟန်ကနေ ပြန်လာတဲ့ ခရီးသည်တွေကို စစ်ဆေးနေသလို စင်ကာပူနိုင်ငံမှာတော့ သံသယလူနာနဲ့ အနီးကပ်ထိတွေ့သူတွေကို ဓာတ်ခွဲနမူနာယူနေပြီး ဟောင်ကောင်နဲ့ ထိုင်းတို့မှာ သံသယလူနာတွေ တွေ့ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013