DVB Logo
Home
မြန်မာသတင်း
ညွှန်ချုပ်နှင့်အထက်ဝန်ထမ်းများ တရားဝင် ကားတင်သွင်းခွင့်ရမည်
DVB
·
January 4, 2020
Donate to DVB

ဌာနအသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ညွှန်ကြားရေးမှူးချုပ်နဲ့ အထက်အဆင့်ဝန်ထမ်း တွေကို အခုနှစ်ကစပြီး ကားတင်သွင်းခွင့်ပြုတော့မယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနက ဇန်နဝါရီ ၂ ရက်က အသိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

အခုလိုကားတင်သွင်းခွင့်ပြုတာဟာ ပြည်သူ့ဝန်ထမ်းတွေနဲ့နိုင်ငံ့ဝန်ထမ်းတွေ မော်တော်ယာဉ် အရစ်ကျ ရောင်းချရေးအစီအစဉ်နဲ့ ပတ်သက်လို့ ပထမအဆင့်အနေနဲ့ ဆောင်ရွက်တာလို့ အသိပေးချက်က ဆိုပါတယ်။

ဒါပေမယ့် ကားတင်သွင်းဖို့ကိုတော့ တင်သွင်းခွင့်ပုံစံနဲ့အတူ အဲဒီဌာနကို လျှောက်ထားရမှာ ဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ ဌာနတွေအနေနဲ့ တာဝန်ခံမယ့် ညွှန်ချုပ်အဆင့်အရာရှိနာမည်နဲ့ ဖုန်းနံပတ် တွေကို ဇန်နဝါရီ ၈ ရက် ပေးပို့ရမယ်လို့လည်း  စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ အသိပေးစာမှာ ဖော်ပြထားပါတယ်။

အခုလို ပထမဆင့်ဆောင်ရွက်ပေးပြီရင်လည်း ဒုညွှန်ချုပ်ကနေ လုပ်သက် ၂၅ နှစ်ပြည့်ပြီးတဲ့ နိုင်ငံ့ဝန်ထမ်းကောင်း တံဆိပ်ရသူတွေကိုလည်း ဒုတိယအဆင့် ဆောင်ရွက်ပေးမယ်လို့လည်း အသိပေးစာမှာ ကတိပေးထားပါတယ်။

ဒီလိုဌာနဆိုင်ရာတွေကို ပေးပိုတဲ့ အခုအသိပေးချက်ကို စီးပွားကူးသန်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးရဲ့ လက်မှတ်နဲ့ ထုတ်ပြန်ခဲ့တာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013