DVB Logo
Home
မြန်မာသတင်း
ကားအရောင်းစင်တာများ ကားတင်သွင်းခွင့်လျှောက်ထားမှုအတွက် ပြန်ဆောင်ရွက်ပေးမည်ဟုဆို
DVB
·
December 20, 2021
ကားအရောင်းစင်တာများ ကားတင်သွင်းခွင့်လျှောက်ထားမှုအတွက် ပြန်ဆောင်ရွက်ပေးမည်ဟုဆို
Donate to DVB

မြန်မာပြည်တွင်း ကားအရောင်းစင်တာတွေ မော်တော်ယာဉ်တင်သွင်းခွင့်လျှောက်ထားမှုအတွက် လုပ်ငန်းဆောင်တာတွေကို လာမယ့် ၂၀၂၂ ဇန်နဝါရီလ ၃ ရက်က စပြီး ပြန်လည်လက်ခံဆောင်ရွက်သွားမယ်လို့  စစ်ကောင်စီ စီးပွားကူးသန်းဝန်ကြီးဌာနလက်အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ဒါဟာ မော်တော်ယာဉ်အသစ်၊ အဟောင်းအတွက် တင်သွင်းခွင့်ကို ပြန်လက်ခံတာမဟုတ်တဲ့အတွက် အများက ထင်နေကြသလို ကားတင်သွင်းခွင့်တွေ ပြန်ပေးတာမဟုတ်ဘူးလို့ ကားအရောင်းစင်တာပိုင်ရှင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

“အမှန်က အဲ့လို မဟုတ်ဘူးဗျ။ သူတို့ နားလည်မှုလွဲကြတာ။ ကားအသစ်ရယ်၊ အဟောင်းရယ် တင်သွင်းခွင့်ကို ပြောနေတာ မဟုတ်ဘူး။ အမှန်တကယ်က လုပ်ငန်းတွေ ရပ်ဆိုင်းသွားတာကို ရည်ညွှန်းတာပါ။ လုပ်ငန်းတွေ ရပ်ဆိုင်းသွားတာကို ပြန်ပြီးတော့ ဖွင့်ပေးတာပါ။ အများက ထင်နေသလို ကားတွေ ပြန်တင်သွင်းခွင့်ပြုတာ မဟုတ်ဘူး။ သူတို့ ထုတ်ပြန်ချက်နဲ့ သူတို့ ပြန်ရှုပ်နေတာ။” 

စစ်ကောင်စီက ပြည်တွင်းမှာ အမေရိကန်ဒေါ်လာ လိုအပ်ချက်ရှိနေတာကြောင့် ကားပါမစ် (ပြည်ပမှ ကားအသစ်တင်သွင်း ခွင့်) တွေကို ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက ရပ်ဆိုင်းခဲ့တာပါ။

ဒီအကျိုးဆက်ကြောင့် ရန်ကုန်ကားဝယ်ရောင်းစျေးကွက်မှာ ကားစျေးက တက်သွားခဲ့ပြီး အရောင်းအဝယ်လည်း လိုက်တယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်သူတဦးကလည်း ပြောပါတယ်။

“ကားပါမစ် ပိတ်ပိတ်ချင်းကာလတုန်းက နည်းနည်းဝယ်လိုအားများခဲ့တယ်။ တဘက်ကလည်း အဲ့အချိန်က ဒေါ်လာတန်ဖိုးက တက်နေတာလည်း ပါတာပေါ့နော်။ ဒါကြောင့် တချို့ကလည်း ဒေါ်လာအစား ကားဝယ်လိုက်ကြတာပေါ့နော်။ ပြီးတော့ နောက်တချက်က ကားပါမစ်ပိတ်ပေမယ့် SKD ကတော့ မပိတ်ထားဘူးနော်။ ဒါပေမယ့် SKD ထုတ်ကားတွေက ကိုဗစ်ကြောင့် စက်ရုံတွေ မလည်နိုင်ကြသေးဘူး။ အခုတော့ စက်ရုံတွေက ပြန်လည်နေကြပြီနော်။ အဲ့တော့ ကျနော် ထင်တယ်။ ဒီဇင်ဘာအကုန်လောက်ဆိုရင် SKD ထုတ်ကားတွေ ပြန်ထွက်ကြလိမ့်မယ်။ ဆိုတော့ ကားရှားသွားတဲ့ အကြောင်းအရင်းက SKD မလည်ကြတဲ့ အချက်တခုလည်း ပါတယ်။ ဒါပေမဲ့ SKD စက်ရုံတွေကိုတော့ ဘယ်သူမျှ ပိတ်ခိုင်းတာတော့မဟုတ်ဘူး။ ကိုယ့်ဘာသာပိတ်ကြတာလေ။ အဲ့အချက်တွေစုံပြီးတော့ ကားစျေးက တက်သွားခဲ့ပါ။ အရောင်းအဝယ်တွေလည်း ကောင်းခဲ့တယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်နဲ့ အောက်တိုဘာလဆန်းအချိန်တုန်းကလေ။ ဒါပေမဲ့  အခုတော့ အရောင်းအဝယ်တွေကလည်း ပြန်အေးသွားပြီနော်။ စျေးကတော့ မကျဘူး။ ဘာလို့လဲဆို ဝယ်ထားတဲ့ သူက နှစ်ဆင့်ဖြစ်သွားလို့လေ။ လက်ရှိကားစျေးကလည်း အေးပါတယ်။” 

စစ်ကောင်စီလက်အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနအနေနဲ့ အရောင်းစင်တာ၊ အရောင်းပြခန်းတွေရဲ့ မော်တော် ယာဉ်တင်သွင်းခွင့်လျှောက်ထားမှုတွေကို စိစစ် ခွင့်ပြုဆောင်ရွက်ပေနေပြီး  ၂၀၂၁ခုနှစ် မကုန်ခင် နှစ်ချုပ်စာရင်းရှင်းလင်းတာနဲ့  လိုအပ်တဲ့ ပြင်ဆင်မှုတွေ ဆောင်ရွက်ဖို့ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့် အရောင်းစင်တာပြခန်းတွေက  မော်တော်ယာဉ်တင်သွင်းခွင့်လျှောက်ထားမှုတွေကို ၂၀၂၁ ဒီဇင်ဘာ ၁၇ ရက်အထိ  လက်ခံဆောင်ရွက်ပေးမှာဖြစ်ပြီး  ၂၀၂၂ ခုနှစ်အတွက် တင်သွင်းခွင့်လျှောက်ထားတာကို  ၂၀၂၂  ဇန်နဝါရီ ၃ ရက်ကစတင်  ပြန်လည်ဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013