DVB Logo
Home
မြန်မာသတင်း
နိုင်ငံကူးလက်မှတ်အတုဖြင့် ထိုင်းနိုင်ငံထဲဝင်လာသည့် မြန်မာ ၂၁ ဦး ဖမ်းဆီးခံရ
DVB
·
January 4, 2020
Donate to DVB

ထိုင်းတောင်ပိုင်း နာရသီဝပ်ခရိုင် နဲ့  ဆုန်ခလာခရိုင်တွေမှာ နိုင်ငံကူး လက်မှတ်အတုကိုင်ပြီး ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၂၁ ဦးကို ဖမ်းဆီးရမိတယ်လို့ ထိုင်းလ၀က ရဲတပ်ဖွဲ့က ပြောပါတယ်။

ပထမဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့က ဘန်ကောက်ကနေ နရသီဝပ်ခ ရိုင်ဘက်ကိုသွားမယ့် ခရီးသည်တင်ကားတစီးကို တာဝန်ရှိသူတွေက စစ်ဆေးစဉ် မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ ခရီးသည်အမျိုးသား ၇ ဦးကို တွေ့ရှိကြောင်း၊ ဒါပေမယ့် သူတို့စာအုပ်တွေကို ဘိုင်အိုမက်ထရစ်နည်းနဲ့ စစ်ဆေးရာမှာ စာအုပ်ထဲက အမည်နဲ့  ဓာတ်ပုံတွေဟာ ကိုင်ဆောင်သူတွေနဲ့ ကိုက်ညီမှုမရှိတာကို တွေ့ရတယ်လို့ ထိုင်းလ၀ ကရဲချုပ် ဆုန်ဖုန်း ချင်ဒုန်းက ဘန်ကောက် လ၀ကရုံးချုပ်မှာ ဇန်နဝါရီ ၃ ရက်နေ့က ပြလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

အဆိုပါ ၇ ဦးကလည်း သူတို့ဟာ ထိုင်းကနေတဆင့် မလေးရှားဘက်ကို အလုပ်သွားလုပ်ချင်လို့ ရောက်လာတာဖြစ်ကြောင်း၊ ပတ်စပို့စာအုပ်တွေကို ပွဲစားကလုပ်ပေးတာဖြစ်ပြီး ထားဝယ်ကနေ ရလာခဲ့တာလို့ ဝန်ခံပြောကြားပါတယ်။ 

နောက်ထပ်ဖြစ်စဉ်တခုကလည်း ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင်ထဲမှာ မမှန်ကန်သော နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူ မြန်မာနိုင်ငံသား ၁၄ ဦးကို ဖမ်းဆီးရမိကြောင်း၊ သူတို့တတွေဟာ ထိုင်-မြန်မာနယ်စပ် တောလမ်းကနေတဆင့် ဝင်ရောက်လာရာမှာ ဟတ်ယိုင်မြို့ အဝေးပြေးကားဂိတ်မှာ တာဝန်ရှိသူတွေက မှတ်ပုံတင်စစ်ဆေးစဉ်  ပတ်စပို့စာအုပ်နဲ့ ကိုင်ဆောင်သူ ကိုက်ညီမှုမရှိတာကြောင့် သူတပါးရဲ့ စာအုပ်ကို ကိုင်ဆောင်လာကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။ 

သူတို့ဟာ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာဖို့အတွက် ပွဲစားကို တဦးလျှင် ကျပ်ငွေ ၁၁ သိန်း (ထိုင်းဘတ် ၂၂၀၀၀) စီပေးခဲ့ရကြောင်း၊ အဆိုပါ နိုင်ငံကူးလက်မှတ်ကိုလည်း ပွဲစားက စီစဉ်ပေးတာဖြစ်ကြောင်း ဝန်ခံသွားပါတယ်။ 

သူတို့အားလုံးကို စာရွက်စာတမ်းအတုကိုင်ဆောင်မှု၊ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာမှုနဲ့ အရေးယူသွားမယ်လို့ ထိုင်းလ၀က ရဲချုပ်က ပြောသွားပါတယ်။ 

ကိုးကား- မန်နေဂျာအွန်လိုင်း 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013