DVB Logo
Home
မြန်မာသတင်း
မြောက်ပိုင်း ၃ ဖွဲ့က အပစ်ရပ်ကာလ ၂ လထပ်တိုး၊ အပစ်ရပ်စာချုပ်လက်မှတ်ထိုးရန် တပ်မတော်ကို ဖိတ်ခေါ် 
DVB
·
January 1, 2020
Donate to DVB

မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့် (MNDAA) ၊ တအောင်း (TNLA)နဲ့ ရက္ခိုင့်တပ်တော် (AA)တို့က တဖက်သတ် အပစ်ရပ်ထားမှုကို ၂၀၂၀ ဇန်နဝါရီ ၁ ရက်မှ ​ဖေဖော်ဝါရီ ၂၉ ရက်အထိ သက်တမ်း ၂ လ ထပ်တိုးလိုက်ကြောင်းကြေညာပါတယ်။ 

သက်တမ်းတိုးရတာဟာ နှစ်ဘက်အပစ်အခတ်ရပ်စဲရေးဆိုင်ရာစာချုပ် (Bilateral Ceasefire Agreement) သဘောတူလက်မှတ်ရေးထိုးနိုင်မယ့် တွေ့ဆုံဆွေးနွေးရေး လုပ်နိုင်အောင်နဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ငြိမ်းချမ်းသောပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ပြီး ပြည်တွင်းစစ် လုံးဝချုပ်ငြိမ်းကာ ငြိမ်းချမ်းရေးကိုဖော်ဆောင်ဖို့ ဖြစ်တယ်လို့ ၃ ဖွဲ့ပေါင်းကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာ့တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း အသီးသီးအပေါ် ထိုးစစ်ဆင်တာတွေ ချက်ချင်းရပ်ပြီး အပစ်အခတ်ရပ်စဲရေးနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေကို အပြည့်အဝဖော်ဆောင်ကာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ အမြန်ဆုံး အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ထိုးဖို့လည်း တိုက်တွန်းထားပါတယ်။

တဖက်သတ်အပစ်အခတ်ရပ် ကြေညာထားတဲ့ ကာလအတွင်း မြန်မာ့တပ်မတော်အနေနဲ့ မိမိတို့အဖွဲ့များကို ပုံစံအမျိုးမျိုးနဲ့  ထိုးစစ်ဆင်တိုက်ခိုက်နေမယ်ဆိုရင် ညီနောင်မဟာမိတ်(၃)ဖွဲ့ အနေနဲ့ ခုခံကာကွယ်သွားမယ်လို့ ထုတ်ပြန်​ချက်မှာ ရေးသားထားပါတယ်။ 

ညီနောင်မဟာမိတ်  ၃ ဖွဲ့အနေနဲ့ အရင်ကလည်း တဖက်သတ် အပစ်ရပ်ကြေညာခဲ့ဖူးပြီး ခုတကြိမ်ဟာ  တတိယအကြိမ်မြောက် သက်တမ်းတိုးတာဖြစ်ပါတယ်။ ခုလို ကြေညာခဲ့ပေမယ့် ရခိုင်ပြည်နယ်ထဲမှာတော့ အေအေအဖွဲ့နဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေကတော့ မရပ်မနား ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ 

အလားတူ တပ်မတော်ကလည်း  ရခိုင်ပြည်နယ်ကလွဲပြီး တခြား စစ်တိုင်းဒေသကြီးတွေမှာ တဖက်သတ် အပစ်ရပ်ကြောင်း ကြေညာခဲ့ဖူးပါတယ်။ 

ကောင်းကောင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013