အောင်သပြေကျေးရွာ ရာအိမ်မှူးဟောင်းကို အလုပ်နှင့်ထောင်ဒဏ် ၁ နှစ်ချ (ဓာတ်ပုံ)
DVB
·
December 28, 2019
နိုင်ငံတော် အကြည်အညို ပျက်စေမှုပုဒ်မနဲ့ အောင်သပြေကျေးရွာ ရာအိမ်မှူးဟောင်းအား ပုသိမ်ကြီးမြို့နယ် တရားရုံးက ဒီဇင်ဘာ ၂၇ ရက်နေ့မှာ အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်ပါတယ်။
အောင်သပြေကျေးရွာ ရာအိမ်မှူးဟောင်း ကိုမိုးလင်းဟာ ၂၀၁၉ ခုနှစ် မတ်လ အောင်သပြေကျေးရွာမှာ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ဖျက်သိမ်းရေးအတွက် တောင်းဆိုဆန္ဒပြပွဲအတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ (၅၀၅/ခ) နဲ့ တရားစွဲခံခဲ့ရတာပါ။
Photo - Kaung Zaw Hein / MPA