DVB Logo
Home
မြန်မာသတင်း
အာလိန်ငါးဆင့်ဘုရားဝင်းတွင် ကျင်းပသည့် ကရင်နှစ်သစ်ကူးပွဲတော် (ဓာတ်ပုံ)
DVB
·
December 26, 2019
အာလိန်ငါးဆင့်ဘုရားဝင်းတွင် ကျင်းပသည့် ကရင်နှစ်သစ်ကူးပွဲတော် (ဓာတ်ပုံ)
1 / 5
Donate to DVB

၂၇၅၉ ခုနှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာလ ၂၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ အာလိန်ငါးဆင့် ဘုရားဝင်းအတွင်းမှာ ကျင်းပခဲ့ပါတယ်။

နှစ်စဉ် ပြာသိုလဆန်း ၁ ရက်ရောက်တိုင်း ကျင်းပတဲ့ ကရင်နှစ်သစ်ကူးပွဲတော် အခမ်းအနားကို မြန်မာပြည်အနှံ့အပြားက ကရင်လူမျိုးတွေ နေထိုင်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ကျင်းပနေကြတာပါ။

ရန်ကုန်မြို့မှာတော့ လှိုင်သာယာမြို့နယ်မှာလည်း ကရင်နှစ်သစ်ကူးပွဲတော်ကို ကျင်းပခဲ့ပါတယ်။ ကရင်တိုင်းရင်းသားတွေကတော့ ကရင်ပြည်နယ်နဲ့ ဧရာဝတီတိုင်း ဒေသကြီးတွေမှာ အများဆုံး နေထိုင်ကြပြီး မြန်မာနိုင်ငံမှာတော့ ခန့်မှန်းခြေ ကရင်လူမျိုး ၇ သန်းနီးပါးလောက် နေထိုင်တယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013