တော့တင်ဟမ်စပါးအသင်း ဥက္ကဋ္ဌ ပီတာချာရင်တန်က ပရိသတ်တွေဆီ ပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ အသင်းရဲ့ ဆုံးဖြတ်ချက်တွေဟာ ဘောလုံးရေးရာ အောင်မြင်မှုအတွက် မဟုတ်ခဲ့ဘဲ မှားယွင်းခဲ့ကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ပါတယ်။
စပါးအသင်းဟာ အဲဗာတန်ကို (၁-၀) ဂိုးနဲ့ ကပ်နိုင်ပြီးမှ တန်းဆင်းဇုန်ကနေ သီသီလေး လွတ်မြောက်ခဲ့ရတာဖြစ်ပြီး ဒီလိုဆိုးရွားတဲ့ ရာသီမျိုး ကြုံခဲ့ရတာဟာ မျှော်မှန်းချက်တွေနဲ့ အလှမ်းဝေးလွန်းခဲ့တယ်လို့ ဆိုပါတယ်။
အသင်းပိုင်ရှင် လူးဝစ် မိသားစုကတော့ ဒါရိုက်တာဘုတ်အဖွဲ့ကို အကြီးအကျယ် ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဒန်နီရယ်လီဗီလည်း ရာထူးကနေ နုတ်ထွက်ခဲ့ရပါတယ်။
လက်ရှိနည်းပြ ဒီဇာဘီကိုတော့ ဥက္ကဋ္ဌက ဆက်လက်ယုံကြည်ထားပြီး လာမဲ့ အပြောင်းအရွှေ့တွေမှာ ကစားသမားသစ်တွေ ခေါ်ယူကာ အသင်းကို အမြန်ဆုံး ပြန်လည်တည်ဆောက်သွားမှာ ဖြစ်ပါတယ်။
ကွင်းလယ်လူ မက်ဒီဆင်ကလည်း ဒီဇာဘီသာ ရောက်မလာရင် အသင်းဟာ အကြီးအကျယ် ပျက်စီးသွားနိုင်တယ်လို့ ပြောပါတယ်။










