DVB Logo
Home
မြန်မာသတင်း
မြဝတီမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုင်းက မြန်မာကို ဘတ် ၇၇၇ သန်း ချေးငွေပေးမည်
DVB
·
December 26, 2019
မြဝတီမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုင်းက မြန်မာကို ဘတ် ၇၇၇ သန်း ချေးငွေပေးမည်
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့ ဖွံ့ဖြိုးရေးအကူအညီအဖြစ် ထိုင်းနိုင်ငံကနေ  အနိမ့်ဆုံး အတိုးနှုန်းနဲ့ ချေးငွေ ဘတ် ၇၇၇ သန်းကို နှစ် ၃၀ စာချုပ်နဲ့ ချေးပေးသွားဖို့ ရှိနေတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

အိမ်နီးချင်းနိုင်ငံများ စီးပွားတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Neda)ရဲ့ မဲခေါင်ဒေသခွဲ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအရ မြန်မာနိုင်ငံဘက်ကို ဘဏ္ဍာငွေအကူအညီပေးရေးဆိုင်ရာ အစည်းအဝေးမှာ အစိုးရက အတည်ပြုလိုက်တာလို့ ထိုင်းအစိုးရလက်ထောက် ပြောရေးဆိုခွင့်ရှိသူ ရာချဒါသနာဒရက် ပြောပါတယ်။

ဒီချေးငွေဟာ ထိုင်း-မြန်မာနယ်စပ်မြို့တမြို့ဖြစ်တဲ့ မြဝတီမြို့ရဲ့ အ‌ခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးပေးသွားမှာ ဖြစ်ပြီး အတိုးနှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်းနဲ့ နှစ် ၃၀ ချေးငွေဘတ် ၇၇၇ သန်းကို ချေးငွေ ဆိုင်းငံ့ကာလမှာ ၁၀ နှစ် ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ချေးငွေစာချုပ်ပါ စည်းကမ်းချက်တွေအရ စာချုပ်တန်ဖိုးရဲ့ ထက်ဝက်ဟာ ထိုင်းနိုင်ငံဘက်က ကုန်စည်နဲ့ဝန်ဆောင်မှုတွေ ဖြစ်ရမှာဖြစ်ပြီး ဆောက်လုပ်ရေးနဲ့ စီမံကိန်း အကြံပေးတွေဟာလည်း ထိုင်းနိုင်ငံသားတွေ ဖြစ်ရမှာ ဖြစ်သလို  ဒီစီမံကိန်းကို ထိုင်းနိုင်ငံ ဥပဒေအရ ဆောင်ရွက်ရမှာ ဖြစ်ပါ တယ်။

မြဝတီမြို့ဟာ တပ်ခ်ခရိုင် မဲဆောက်မြို့ကတဆင့် မြန်မာနဲ့ ထိုင်းကုန်သွယ်မှုမှာ အဓိကနယ်စပ်မြို့တမြို့ဖြစ်တဲ့အတွက် ထိုင်း-မြန်မာစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးပါတဲ့ မြို့တမြို့ဖြစ်ပြီး နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုကနေ နှစ်စဉ်ဘတ်ငွေ ၇၀ ဘီလျံရှိပြီး ဆက်ပြီးတော့လည်း တိုးတက်လာနေတယ်လို့ ရာချဒါက ပြောပါတယ်။

ခုလက်ရှိအတည်ပြုလိုက်တဲ့ မဲခေါင်ဒေသခွဲ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ နှစ်နိုင်ငံ စီးပွားရေးဆောင်ရွက်မှုတွေမှာ အထောက်အကူဖြစ်စေမယ့်  အခြေခံအဆောက်အအုံစနစ်တွေ ပိုပြီးကောင်းမွန်လာအောင် အထောက်အကူဖြစ်စေတဲ့အပြင် မြဝတီမြို့မှာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013