
အင်္ဂလန်အသင်းဟာ နော်ဝေနဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲမတိုင်ခင် ဒေးဗစ်ဘက်ခမ်း ပူးတွဲ ပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီရဲ့ လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ခဲ့ပါတယ်။
အင်္ဂလန်ဂန္ထဝင်ကစားသမား ဘက်ခမ်းက အသင်းသားတွေကို ကိုယ်တိုင်ကြိုဆိုပြီး ကံကောင်းပါစေ လို့ ဆုတောင်းပေးခဲ့တာပါ။ အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းက ဘက်ခမ်းနဲ့ စကားပြော ခဲ့ကြောင်း ပြောပါတယ်။
အင်္ဂလန်အသင်းမှာတော့ ကွင်းလယ်လူ ဂျော်ဒန်ဟန်ဒါဆန်ဟာ လက်ကောက်ဝတ်ကျိုးသွားလို့ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။
နောက်ခံလူ ဂျာရယ်လ်ကွမ်ဆာကလည်း မက္ကဆီကိုနဲ့ပွဲမှာ အနီကတ်ပြခံရလို့ ၂ ပွဲပယ်ပြစ်ဒဏ် ကျခံ ရပါတယ်။
နည်းပြ သောမတ်စ်တူချယ်ကတော့ ကွမ်ဆာရဲ့ ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး ဖီဖာရဲ့ ဆုံးဖြတ်ချက်ကို နားမလည်ကြောင်း ပြောပါတယ်။ဒိုင်လူကြီးတွေရဲ့ စွမ်းဆောင်ရည်ကလည်း မကောင်းကြောင်း သူက ဝေဖန်ခဲ့ပါတယ်။
မာ့ခ်ဂူဟီ၊ ရီးစ်ဂျိမ်းစ်နဲ့ ဒက်ကလန်ရိုက်စ်တို့ကတော့ အသင်းနဲ့အတူ ပြန်လည် လေ့ကျင့်ခန်းဆင်း နေပြီ ဖြစ်ပါတယ်။
Photo:Reuters










