DVB Logo
Home
နိုင်ငံတကာ
ဘက်ခမ်းကို ဟောလိဝုဒ် Walk of Fame ကြယ်ပွင့်ချီးမြှင့် ဂုဏ်ပြု
DVB
·
June 13, 2026
Photo: REUTERS/Mario Anzuoni
Photo: REUTERS/Mario Anzuoni
Donate to DVB

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဆာဒေးဗစ်ဘက်ခမ်းဟာ ‌ဟောလိဝုဒ်ရဲ့ ကျော်ကြားသူတွေကိုသာ ပေးအပ်တဲ့ Walk of Fame ကြယ်ပွင့်ချီးမြှင့် ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။

ဒါဟာ ဘောလုံးသမားတွေအနက် ပထမဆုံးအဖြစ် ဟောလိဝုဒ်က ဂုဏ်ပြုခဲ့တာဖြစ်ပြီး ၂,၈၄၉ ယောက်မြောက် ကြယ်ပွင့်အဖြစ် ဂုဏ်ပြုခံရတာပါ။

ဘက်ခမ်းဟာ အင်္ဂလန်၊ စပိန်၊ အမေရိကန်၊ ပြင်သစ်စတဲ့ လိဂ်ပြိုင်ပွဲ ၄ ခုမှာမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ပထမဆုံးအင်္ဂလန်ကစားသမား ဖြစ်ပြီး အမေရိကန်နိုင်ငံက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ဇွန်လ ၁၂ ရက်နေ့မှာ ဂုဏ်ပြုခံခဲ့ရတာပါ။

ဘက်ခမ်းကို ဂုဏ်ပြုတဲ့ပွဲမှာ ဟောလိဝုဒ်ရဲ့ ဂုဏ်ပြုနေကျ ကောဇောနီမဟုတ်ဘဲ ဘောလုံး မြက်ခင်းပြင်အရောင်ဖြစ်တဲ့ အစိမ်းရောင်ကောဇောကို အသုံးပြုခဲ့တာလည်း တွေ့ရပါတယ်။ 

အဲဒီပွဲမှာ ဟောလိဝုဒ်မင်းသား တွမ်ခရုဇ်က “အပြင်းအထန်ကြိုးစားမှုတွေ၊ ဆုံးဖြတ်ချက်တွေ၊ အားကစားနဲ့ ယဉ်ကျေးမှုကို ကမ္ဘာပေါ်မှာ လွှမ်းမိုးနိုင်ခဲ့တယ်” လို့ ဘက်ခမ်းရဲ့ ဘဝခရီးနဲ့ပတ်သက်ပြီး ချီးကျူးခဲ့ပါတယ်။ 

ဘက်ခမ်းဟာ အရှေ့လန်ဒန်မှာ ဘောလုံးကစားတဲ့ ကစားသမား ၁ ယောက်အဖြစ်ပဲ အိမ်မက်မက်ခဲ့ဖူးပြီး ဟောလိဝုဒ်က အခုလို အသိအမှတ်ပြုတာမျိုး ဘယ်တုန်းကမှ မစဉ်းစားဖူးကြောင်း ပြောခဲ့ပါတယ်။

ဒါ့အပြင် ၂၀၀၇ ခုနှစ်က မေဂျာလိဂ်ကို ပြောင်းတော့ ကမ္ဘာမှာ လူကြိုက်များတဲ့ ဘောလုံးအားကစားကို အမေရိကန်က ဘာဖြစ်လို့ စိတ်ဝင်စားမှု နောက်ကျတာလဲဆိုတဲ့ မေးခွန်းထုတ်ခဲ့ကြတဲ့အကြောင်းလည်း ဘက်ဟမ်းက ပြောပြခဲ့ပါတယ်။

ဘက်ခမ်းဟာ လက်ရှိအချိန်မှာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းဥက္ကဋ္ဌနဲ့ ပူးတွဲအသင်းပိုင်ရှင် ဖြစ်နေပါပြီ။ ဘက်ဟမ်းဟာ ကမ္ဘာကျော် ဘောလုံးအသင်းတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်၊ အေစီမီလန်၊ အယ်အေဂလက်ဆီနဲ့ ပီအက်စ်ဂျီအသင်းတို့မှာ ကစားသမားအဖြစ် နှစ်ပေါင်း ၂၀ ကျော် ကစားခဲ့သူ ဖြစ်ပါတယ်။ 

တိကျတဲ့ ပေးပို့မှုတွေ ဖြတ်တင်ဘောတွေနဲ့ အလွတ်တည်ကန်ဘောတွေကြောင့် ဘက်ခမ်းကို အချိန်တိုင်းအတွက် အကောင်းဆုံးကစားသမားတွေထဲက တယောက်အဖြစ် သတ်မှတ်ထားကြပါတယ်။

ဘက်ခမ်းဟာ ၂၀၁၃ ခုနှစ်မှာ ပီအက်စ်ဂျီအသင်းအတွက် ကစားပေးခဲ့ပြီးနောက် ကစားသမားဘဝကနေ အနားယူခဲ့သူ ဖြစ်ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013