DVB Logo
Home
မြန်မာသတင်း
ကချင်စစ်ရှောင်ပြည်သူများအတွက် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးခွင့်မဆုံးရှုံးအောင် စီစဉ်ထား
DVB
·
December 21, 2019
Donate to DVB

ကချင်ပြည်နယ်က စစ်ရှောင်တွေအနေနဲ့ လာမယ့် ၂၀၂၀  ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကာလမှာ မဲပေးခွင့် ဆုံးရှုံးမှု မဖြစ်ဖို့အတွက် အတတ်နိုင်ဆုံး ကွင်းဆင်းလုပ်ဆောင်ထားတယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက ပြောဆိုလိုက်ပါတယ်။

အဲ့ဒီစစ်ရှောင်စခန်းအရေအတွက်ဟာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အတည်ပြုထားတဲ့ စခန်းတွေသာ ဖြစ်တဲ့အတွက် အတည်မပြုထားတဲ့ စစ်ရှောင်စခန်းတွေလည်း ရှိနိုင်တာကြောင့် မဲပေးခွင့်ပြည်သူက ဒီထက်ပိုနိုင်တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အနေနဲ့ လက်ရှိအချိန်အထိ ကချင်ပြည်နယ်မှာ မဲစာရင်းမကောက်ယူနိုင်သေးတဲ့ ကျေးရွာအုပ်စု ၂၀၀ ကျော်ရှိနေပြီး အဲ့ဒီထဲမှာ စစ်ကြောင့် တိမ်ရှောင်နေရတဲ့အုပ်စု ၁၉ ခု လောက်ပါဝင်နေတယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဒေါ်မေရီမီနန်က ပြောပါတယ်။

ဟိန်းထက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013