DVB Logo
Home
မြန်မာသတင်း
ပလိပ်မြို့တွင် ဆောက်လုပ်ရေးဌာနက မြေယာလျော်ကြေး ကျပ် သိန်း ၂၃၀၀ ကျော် ပေးအပ်
DVB
·
December 20, 2019
Donate to DVB

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့၊ မြနန္ဒာရပ်ကွက်မှာ လမ်းဦးစီးဌာန လမ်းအထူးအဖွဲ့(၉)က ရှေ့တန်းစခန်းအဖြစ်အသုံးပြုခဲတဲ့ မြေဧရိယာ ၁ ဒသမ ၂၈ ဧကအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနက  မြေယာလျော်ကြေးကျပ် သိန်း ၂၃၀၀ ကျော်ကို မူလပိုင်ရှင်ထံ ပေးအပ်လိုက်ပါတယ်။ 

ဒီဇင်ဘာလ ၁၈ ရက် ကျင်းပတဲ့ မြေယာလျော်ကြေးပေးအပ်ပွဲကို   မူလမြေပိုင်ရှင် ဒေါ်ပုနဲ့ မိသားစုဝင်တွေက တက်ရောက် လက်ခံယူခဲ့ကြပါတယ်။ 

ကျောက်ဆည်ခရိုင်လမ်းတံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ထွေးက “ ကျနော်တို့ဌာနအနေနဲ့ လွန်ခဲ့တဲ့ ၂၅ နှစ်လောက်က အတိအကျတော့ မမှတ်မိတော့ဘူး။ လမ်းအထူးအဖွဲ့(၉)ကနေ ရှေ့တန်းစခန်းအဖြစ် အသုံးပြုခဲ့တဲ့မြေဧရိယာတွေရှိခဲ့ပါတယ်။ ၂ ဒသမ ၅၆ ဧကထဲကနေ မြေတဝက်ကို  မူလပိုင်ရှင်ဖြစ်တဲ့ ဒေါ်ပုကို ၂၀၀၉ ဇူလိုင်လက ပြန်လည်စွန့်လွှတ်ပေးခဲ့ပါတယ်။ ကျန်တဲ့ မြေတဝက်အတွက် လျော်ကြေးငွေ ၂၃၀,၄၀၀,၀၀၀ ကျပ်ကို ကျနော်တို့ဌာနကနေ လျော်ကြေးငွေအဖြစ်ပေးတာ” လို့ ပြောပါတယ်။

မြေယာလျော်ကြေးရရှိအောင် ဆောင်ရွက်ပေးခဲ့ကြတဲ့သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့လူပုဂ္ဂိုလ်တွေအားလုံးကို ကျေးဇူးတင်ပေမယ့်  ဒီမြေနဲ့ပတ်သက်ပြီး ဆက်လက်ဆောင် ရွက်မယ့်လုပ်ငန်းစဉ်တွေကိုလည်း စောင့်ကြည့်သွားမယ်လို့ မြေပိုင်ရှင်ဘက်က ပြောပါတယ်။

မူလပိုင်ရှင်ဒေါ်ပုရဲ့အကျိုးဆောင် ဦးသက်နောင်စိုးက “ကျနော်တို့က နိုင်ငံတော်အတွက် နှစ်ဘက်ညှိနှိုင်းပြီး အခုလိုလက်ခံခဲ့ဖြစ်တာမို့ တကယ်ပဲ နိုင်ငံတော်အတွက် ဟုတ် မဟုတ်ကိုတော့ စောင့်ကြည့်ရမှာဖြစ်တယ်”လို့ မြေ ယာလျော်ကြေးပေးအပ်တဲ့ အခမ်းအနားမှာပြောပါတယ်။

 ပလိပ်မြို့ ကွင်းအမှတ် ၂၀(က) ဦးပိုင်းအမှတ် (၂၁/၂၂) က ကျန်မြေဧရိယာ ၂ ဒသမ ၅၆ ဧကပေါ်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းတံတားဦးစီးဌာန  လမ်းအထူးအဖွဲ့ (၉)က နေ အသုံးပြုခဲ့တာကြောင့် ကျောက်ဆည်ခရိုင်လမ်းတံတားဦးစီးဌာနက လျော်ကြေးငွေ ပေးအပ်ခဲ့တာပါ။

လက်ရှိအစိုးရလက်ထက် စဉ့်ကိုင်မြို့နယ်မှာ မြေယာလျော်ကြေး ပေးအပ်ပွဲပြုလုပ်တာ ဒုတိယအကြိမ်ဖြစ်ပြီး သိမ်းဆည်းခံမြေယာတွေနဲ့ပတ်သက်လို့ ဥပဒေလမ်း ညွှန်ချက်မူဝါဒတွေနဲ့အညီ အဂတိကင်းရှင်းစွာနဲ့အမြန်ဆုံး စိစစ်ဆောင်ရွက်ပေးနေတယ်လို့ စဉ့်ကိုင်မြို့နယ် မန္တလေးတိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013