DVB Logo
Home
မြန်မာသတင်း
ICJ အမှု ရင်ဆိုင်ခဲ့သည့် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့ကို ထောက်ခံကြောင်း အရေးကြီးအဆို ရှမ်းပြည်နယ်လွှတ်တော်တွင် ရှုံးနိမ့်
DVB
·
December 17, 2019
ICJ အမှု ရင်ဆိုင်ခဲ့သည့် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့ကို ထောက်ခံကြောင်း အရေးကြီးအဆို ရှမ်းပြည်နယ်လွှတ်တော်တွင် ရှုံးနိမ့်
Donate to DVB

အိုင်စီဂျေ တရားရုံးမှာ အမှုသွားရောက်ဖြေရှင်းခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ကို ထောက်ခံကြောင်း ရှမ်းပြည်နယ်လွှတ်တော်မှာ အရေးကြီးအဆိုတင်ရာမှာ  ကန့်ကွက်သူ များလို့ ရှုံးနိမ့်သွားပါတယ်။

ဒီဇင်ဘာ ၁၇ ရက် ရှမ်းပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးမှာ ပင်းတယမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးညီညီ(ခ)ဦးညီလေးချမ်း တင်သွင်းတဲ့ အရေးကြီးအဆိုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂ ဦးက ထောက်ခံဆွေးနွေးပြီး ရှမ်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ စဝ်အောင်မြတ်နဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁ ဦးက ကန့်ကွက်ဆွေးနွေးတဲ့အတွက် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့တာပါ။

လွှတ်တော်ကို တက်ရောက်လာတဲ့ ကိုယ်စားလှယ် ၁၂၉ ဦးရှိတဲ့အနက် ထောက်ခံမဲ ၂၈ မဲ၊ ကြားနေမဲ ၃၁ မဲ၊ ကန့်ကွက်မဲ ၆၈  မဲနဲ့ မဲမပေးသူ ၂ ဦးရှိတဲ့အတွက် အရေးကြီးအဆို ရှုံးနိမ့်ခဲ့ပါတယ်။

အိုင်စီဂျေတရားရုံးမှာ အမှုသွားရောက်ရင်ဆိုင်တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုယ်စားလှယ်အဖွဲ့ကို အားပေးထောက်ခံတဲ့ လူထုထောက်ခံပွဲကို  ဒီဇင်ဘာ ၁၀ ရက်နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ကျင်းပခဲ့ပေမယ့် ရှမ်းပြည်နယ် လွှတ်တော်က မထောက်ခံဘဲ ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ 

ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013