DVB Logo
Home
မြန်မာသတင်း
သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုကို လူသေမှုအဖြစ် ပြောင်းလဲမရဟု ရှေ့နေပြော
DVB
·
December 16, 2019
သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုကို လူသေမှုအဖြစ် ပြောင်းလဲမရဟု ရှေ့နေပြော
Donate to DVB

ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုမှာ စွဲချက်တင်ခံထားရသူတွေကို စွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး ပြောင်းလိုက်တဲ့ပုဒ်မဟာ အရင်စီရင်ထုံးတွေမှာလည်း ရှိခဲ့ပြီး လူသေမှုလို့ ပြောင်းလို့မရဘူးလို့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က သုံးသပ်ပါတယ်။

လူမှုကွန်ရက်မှာ ဟာသဗီဒီယိုဖိုင်တွေနဲ့ နာမည်ကြီးခဲ့တဲ့ သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုမှာ လူသတ်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ သန်းထွဋ်အောင်(ခ)သားကြီး အပါအဝင် နှစ်ဦးကို ပုဒ်မ ၃ဝ၂ (၂)၊ ကျော်ဇောဟန် (ခ) ကျော်ဇောကို ပုဒ်မ ၃ဝ၂(၂)/၁၁၄ နဲ့ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှာ ဇန်နဝါရီလက စွဲချက်တင်ထားတာပါ။

လူသတ်မှုစွဲချက်နဲ့ပတ်သက်ပြီး စွပ်စွဲခံရသူတွေဘက်က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ ပြင်ဆင်ချက်လျှောက်တင်ခဲ့ပြီး ဒီဇင်ဘာ ၁၃ ရက်က သန်းထွဋ်အောင်(ခ)သားကြီး အပါအဝင် နှစ်ဦးကို အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၅၊ ကျော်ဇောဟန်(ခ)ကျော်ဇောကို ပုဒ်မ ၃၂၅/၁၁၄ နဲ့ပြောင်းလဲစွဲချက်တင် အမိန့်ချမှတ်ခဲ့ပါတယ်။

အခုလိုပုဒ်မတွေ ပြောင်းလိုက်တာနဲ့ ပတ်သက်ပြီး ဥပဒေအကြံပေး ဦးခင်မောင်မြင့်က “ရှေ့မှာ စီရင်ဆုံးဖြတ်ထားတဲ့ စီရင်ထုံးတွေ ရှိပါတယ်။ အဓိကရုဏ်း တဦးနဲ့ အများဖြစ်စေ၊ လူအများချင်း အများချင်း ဖြစ်စေ ခိုက်ရန်ဖြစ်ပွားလို့ သေဆုံးခဲ့တယ်ဆိုရင် ဘယ်သူကနေ ပြုလုပ်လိုက်တဲ့ ဒဏ်ရာကြောင့် သေဆုံးသလဲဆိုတာ တိတိကျကျ ပေါ်ပေါက်မလာတဲ့ အခြေအနေမှာ အပြင်းအထန် နာကျင်စေမှုနဲ့ပဲ စွဲဆိုအပြစ်ပေးရမယ်ဆိုတဲ့ ရှေ့က စီရင်ထုံးတွေ ရှိခဲ့တယ်။ ရှိခဲ့တဲ့အတွက်လည်းပဲ ပုဒ်မ ၃၀၂ ကို ပြောင်းလိုက်တာပေါ့။ ဒါက လူသေမှုလည်း ပြောင်းလို့ မရဘူး။ လူသေမှုရဲ့ အဓိပ္ပာယ်က တမင်ရည်ရွယ်ချက်နဲ့ သတ်တာမျိုး မဟုတ်ဘဲ မတော်တဆ ရည်ရွယ်ချက် မရှိဘဲနဲ့ သေဆုံးသွားတဲ့ဟာမျိုးကိုမှ လူသေမှုလို့ ခေါ်တာပေါ့ ”လို့ ပြောပါတယ်။ 

ပြောင်းလိုက်တဲ့ ပုဒ်မ ၃၂၅ ဟာ အမြင့်ဆုံး ပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်ပြီး အာမခံလျှောက်ထားနိုင်တယ်လို့ ပါတယ်။

သရုပ်ဆောင် အောင်ရဲထွေးဟာ ၂ဝ၁၇ ဒီဇင်ဘာ ၃၁ ရက် ညပိုင်းက သင်္ဃန်းကျွန်းမြို့နယ်ရှိ  The One Entertainment မှာလူတစုရဲ့ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် ခေါင်းမှာ ဒဏ်ရာရရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ၂ဝ၁၈ ဇန်နဝါရီ  ၂ ရက်က သေဆုံးသွားခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သန်းထွဋ်အောင်(ခ)သားကြီး အပါအဝင် ၃ ဦးကို ဖမ်းဆီးပြီး ပုဒ်မ ၃ဝ၂ နဲ့ တရားစွဲဆိုတင်ပို့ခဲ့ကာ တရားလိုပြသက်သေတချို့ကို စစ်ဆေးခဲ့ပြီးနောက် သက်သေမခိုင်လုံဘူးဆိုပြီး အမှုကို ရုပ်သိမ်းပေးခဲ့ပါတယ်။

အမှုရုပ်သိမ်းခဲ့တာကြောင့် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး အပါအဝင် ၆ ဦးဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုခံထားရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013