DVB Logo
Home
မြန်မာသတင်း
လက်ရှိအစိုးရလက်ထက် စီးပွားရေးတိုးတက်နှုန်းကျပြီး ငွေဖောင်းပွမှုတိုး
DVB
·
December 15, 2019
Donate to DVB

လက်ရှိအစိုးရလက်ထက်မှာ စီးပွားရေးတိုးတက်နှုန်းကျလာပြီး ငွေကြေးဖောင်းပွနှုန်းလည်း ပိုတက်လာတယ်လို့ ၂၀၁၉-၂၀၂၀ ခုနှစ်ထုတ် Citizen’s Budget (နိုင်ငံသားတွေအတွက်ဘတ်ဂျက်) စာစောင်က ရေးသားထုတ်ပြန်ပါတယ်။

  Citizen’s Budget ဆိုတာ နိုင်ငံတော်ရဲ့မေခရိုစီးပွားရေး အခြေအနေ၊ ဘဏ္ဍာငွေအရ အသုံးခန့်မှန်းခြေ၊ စုစုပေါင်း အသုံးစရိတ်၊ ဘတ်ဂျက်လိုငွေ၊ ပြည်ပအကူပညီရငွေ စတာတွေကို လွယ်လွယ်ကူကူ သိအောင် အနှစ်ချုပ်ဖော်ပြထားတာပဲ  ဖြစ်ပါတယ်။

အန်အယ်လ်ဒီအစိုးရ စတင်တာဝန်ယူခဲ့တဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ စီးပွားရေးတိုးတက်နှုန်းဟာ ၇ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၁၆-၂၀၁၇ မှာ ၅ ဒသမ ၉ ရာခိုင်နှုန်း၊ ၂၀၁၇-၂၀၁၈ နဲ့ ၂၀၁၈-၂၀၁၉ မှာ ၆ ဒသမ ၈ ရာခိုင်နှုန်းကို ပြန်တက်ခဲ့ပြီး အခုတော့ ၆ ဒသမ ၇ ရာခိုင်နှုန်းပဲ ရှိမယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ နိုင်ငံရဲ့ စီးပွားရေးတိုးတက်နှုန်းကို ၇ ဒသမ ၆ ရာခိုင်နှုန်းကို ခန့်မှန်းထားခဲ့ပေမယ့် ဒီနှစ်မှာတော့ ၇ ရာခိုင်နှုန်းလို့ပဲ ခန့်မှန်းထားတာ တွေ့ရပါတယ်။

ရငွေနဲ့ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုး (ဂျီဒီပီ) အချိုး၊ သုံးငွေနဲ့ ဂျီဒီပီအချိုး၊ အခွန်နဲ့ ဂျီဒီပီအချိုးတွေဟာလည်း ကျဆင်းနေပြီး လိုငွေနဲ့ ဂျီဒီပီအချိုးတခုပဲ တက်လာ နေပါတယ်။ 

ဒီအချိုးကတော့ ၂၀၁၅-၂၀၁၆ မှာ ၄ ဒသမ ၂ ရာခိုင်နှုန်းရှိရာကနေ အခုတော့ ၅ ဒသမ ၆ အထိ တက်သွားတာပါ။

နှစ်အလိုက် ငွေကြေးဖောင်းပွနှုန်းဟာ ၂၀၁၈-၂၀၁၉ မှာ ၄ ဒသမ ၁ ရှိခဲ့ပြီး ဒီနှစ်မှာတော့ ၆ ဒသမ ၆ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ဒီနှစ်မှာ ပြည်ထောင်စုနဲ့ တိုင်းနဲ့ပြည်နယ်တွေရဲ့ ရငွေစုစုပေါင်းက ကျပ် ၂၈၅၂၄ ဘီလီယံကျော် (ကျပ်သန်းပေါင်း သိန်း ၂၈၀ ကျော်)ဖြစ်ပြီး စုစုပေါင်း သုံးငွေကတော့ ကျပ် ၃၅၂၄၃ ဘီလီယံ (ကျပ်သန်းပေါင်း သိန်း ၃၅၀ ကျော်) ဖြစ်ပါတယ်။

စုစုပေါင်းရငွေတိုးလာပေမယ့် သုံးငွေကပိုပြီး သိသိသာသာ တိုးလာတာကြောင့် နှစ်စဉ်လိုငွေ က တိုးတိုးလာနေတာလည်း ဖြစ်ပါတယ်။

လိုငွေတွေကိုဖြည့်ဖို့ အစိုးရဟာ ငွေတိုက်စာချုပ်၊ ငွေတိုက်လက်မှတ်တွေထုတ်ရောင်းတာနဲ့ ပြည်ပချေးငွေယူဖို့ကို အဓိကထားစီစဉ်ထားတာကိုတွေ့ရပါတယ်။

အခွန်အကောက်ရငွေစုစုပေါင်းဟာ နိုင်ငံတော်ဝင်ငွေအားလုံးရဲ့ ၃၂ ရာခိုင်နှုန်းဖြစ်တာကြောင့် ၂၀၁၅-၂၀၁၆ ခုနှစ်မှာ ၃၅ ရာခိုင်နှုန်း၊ ၂၀၁၈-၂၀၁၉ ခုနှစ်မှာ ၃၈ ရာခိုင်နှုန်းနဲ့ ယှဉ်မယ်ဆိုရင် နည်းသွားတာကို တွေ့ရပါတယ်။

ပြည်ထောင်စုရဲ့ စုစုပေါင်းအသုံးစရိတ်မှာတော့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ၂၅ ရာခိုင်နှုန်းကျော်(လေးပုံတပုံကျော်)သုံးထားတာကြောင့် အများဆုံးဖြစ်ပြီး စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနက ၂၂ ရာခိုင်နှုန်းကျော်၊ ကာကွယ်ရေးဝန်ကြီးဌာနက ၁၀ ရာခိုင်နှုန်းကျော် သုံးစွဲထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013