DVB Logo
Home
မြန်မာသတင်း
ခမီရိုးရာဆနီပွဲ ဘူးသီးတောင်မြို့တွင် ကျင်းပ
DVB
·
December 12, 2019
ခမီရိုးရာဆနီပွဲ ဘူးသီးတောင်မြို့တွင် ကျင်းပ
1 / 3
Donate to DVB

နတ်တော်လပြည့်နေ့ ကျရောက်တဲ့ ခမီတိုင်းရင်းသားတို့ရဲ့ ရိုးရာ ဆနီပွဲတော်ကို ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ ဂန္ဓာရီပရဟိတ္တကျောင်းမှာ ဒီဇင်ဘာ ၁၁ ရက်က ကျင်းပပါတယ်။

ခမီလူမျိုးများစာပေနှင့် ယဉ်ကျေးမှုအဖွဲမှ ဦးသိန်းမောင်က "ဆနီပွဲက နေနဲ့ လ ကို ပူဇော်ပသတဲ့ ပွဲပါ။ ရှေ့ခေတ် ဘိုးဘွားဘီဘင်း လက်ထက်တွေ ကတည်းက ကျင်းပခဲ့ကြတာပါ။ နေ အကနဲ့ လအက ဆိုပြီးရှိပါတယ်။ "နေ"ထွက် လာတဲ့အချိန်မှာ နေ ထွက်​အကကို ကကြပြီး "လ"ထွက်လာတဲ့ အချိန်မှာ လထွက်​အက ကို ကကြရပါတယ်။ ဆနီပွဲကျင်းပတဲ့ ကွင်းမှာ "လ"တိုင်​နဲ့ "နေ"တိုင်​ကို စိုက်​ထူရာမှာ ဝါး ၇၅ လုံးနဲ့ ပြုလုပ်​ရတယ်​။ လတိုင်​နဲ့​နေတိုင်​မှာ ကျွဲး နွား တကောင်​စီချည်​ပြီး သတ်​ဖြတ်​ပူ​ဇော်​ကြရတယ်​။ နောက်​ရက်​တွေမှာ ကပွဲ ဆက်​ကျင်းပချင်​တယ်​ဆိုရင် ​ငွေ​ကြေးတတ်​နိုင်​သူ​တွေက ၀က်​ကိုချည်​နှောင်​ပြီး သတ်​ဖြတ်​ပူ​ဇော်​ ကပြကြရပါတယ်​။ ပွဲရက်​တိုးချဲ့ကပြမယ်​ဆိုရင် နောက်​ထပ်​သား​ကောင်​တွေကို ချည်​နှောင် ​သတ်​ဖြတ်​ပြီး ကပြရပါတယ်​။”လို့ ပြောပါတယ်။

ခမီတိုင်းရင်းသားတို့ရဲ့ ရိုးရာ ဆနီပွဲကို ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဘူးသီးတောင်မြို့ရှိ ဂန္ဓာရီပရဟိတကျောင်းမှာ ကျင်းပခဲ့ပြီး မြောက်ဦးမြို့နယ် ‌လောင်ရီချောင်းကျေးရွာမှာ တနှစ်ကျင်းပ ခဲ့ကာ အကြောင်းအမျိုးမျိုးကြောင်း ဆက်လက်မကျင်းပနိုင်ခဲ့ပါဘူး။

၂၀၁၈ ခုနှစ်မှာ ဘူးသီးတောင်မြို့ရှိ ဂန္ဓာရီပရဟိတ္တ ကျောင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ကျင်းပဖြစ်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ဒုတိယအကြိမ်ကျင်းပတာ ဖြစ်ပါတယ်။

ကောင်းကောင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013