DVB Logo
Home
မြန်မာသတင်း
ပျဉ်းမနား-တောင်ညို ကားလမ်း ရေကြီးနစ်မြုပ်ပြီး ယာဉ်များ သွားမရ
DVB
·
June 25, 2026
ပျဉ်းမနား-တောင်ညို ကားလမ်း ရေကြီးနစ်မြုပ်ပြီး ယာဉ်များ သွားမရ
1 / 3
Photo: MFSD
Donate to DVB

စစ်အာဏာရှင် ရုံးစိုက်တဲ့ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညို ကားလမ်းမပေါ်မှာ ရေကြီးရေလျှံနေပြီး ရေကျော်နေတာကြောင့် ယာဥ်တွေ သွားမရ ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၂၄ ရက် မနက်ပိုင်းက စတင်လို့ ဥတ္တရသီရိမြို့နယ် ပျဉ်းမနား-တောင်ညို ကားလမ်းမပေါ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်နေပြီး ကားလမ်းပေါ် ရေ အဆမတန် ကျော်တက်နေတဲ့အတွက် ယာဉ်တွေ မောင်းနှင်သွားလာလို့မရတဲ့အထိ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ဒေသခံ ကယ်ရီသမားတယောက်က “ရေက တအားကျော်တက်လာတာ။ အခုညနေပိုင်း ပိုဆိုးတယ်။ ရေစီးကသန်နေတော့ ဆိုင်ကယ်တွေဆို ပိုအန္တရာယ်ရှိတယ်။ ကုန်ကားတွေတော့ သွားလာနေသေးတယ်။ မိုးကလည်း ဒီနေ့မနက်ပိုင်းကတည်းက ရွာနေတာ။ နောက် အဆက်မပြတ် ရွာလာမယ် ဆိုရင်တော့ စိုးရိမ်ရတယ်” လို့ ပြောပါတယ်။

ရုတ်တရက် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေတဲ့ ပျဉ်းမနား-တောင်ညို ကားလမ်းမှာ ခရီးသည်တွေ သွားလာဖို့ အဆင်ပြေအောင် ဒေသခံ လူမှုကူညီရေးအသင်းတွေ၊ မီးသတ်တပ်ဖွဲ့တွေနဲ့ အရပ်သားတွေက အချင်းချင်း သတိပေး ကူညီမှုတွေ လုပ်ဆောင်ပေးနေကြတယ်လို့ သိရပါတယ်။

ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးသူတယောက်က “ဒီဘက်မှာ ရေကြီးရေလျှံလာပြီဆို ကားတွေ၊ ဆိုင်ကယ်တွေ ရေစီးထဲ မျောပါတဲ့အထိ ဖြစ်ခဲ့တာတွေ ရှိပါတယ်။ ဒါကြောင့် အခုက မိုးကလည်း အဆက်မပြတ် ရွာနေတော့ အားလုံး သတိပြုသွားလာကြဖို့ အကြံပြုပါတယ်” လို့ ပြောပါတယ်။

လတ်တလော ပျဉ်းမနား-တောင်ညို ကားလမ်းမှာ ခရီးသည်တင်ကားတွေ အပါအဝင် ကားအများအပြား သွားမရဖြစ်ကာ ပိတ်ဆို့နေပြီး ကူညီကယ်ဆယ်ရေးအဖွဲ့တွေက စောင့်ကြည့် သတိပေး ကူညီလုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ထဲက ပျဉ်းမနား-တောင်ညိုကားလမ်း ရေကျော်တက်နေတာဟာ ပုံးတက်ရိုးချောင်းက ရေတိုးလာတာကြောင့် တောင်ကျရေတွေ ထိုးကျဆင်းလာတာကြောင့်လည်း ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဇွန် ၂၄ ရက်ကနေ ၂၅ ရက် ညနေပိုင်းအထိ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက် မိုးကြီးကာ ရွာရန်ရွာနှုန်းပြည့် ဖြစ်တယ်လို့  မိုးဇလဌာနကခန့်မှန်းပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013