DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံထားရသူ ကလေးသူခိုး မဟုတ်ဟု ပဲခူးမြို့မရဲစခန်းမှူး ရှင်းလင်း
DVB
·
December 1, 2019
ဖမ်းဆီးခံထားရသူ ကလေးသူခိုး မဟုတ်ဟု ပဲခူးမြို့မရဲစခန်းမှူး ရှင်းလင်း
Donate to DVB

ပဲခူးမြို့မှာ ပြီးခဲ့တဲ့ညက ကလေးသူခိုး ဆိုပြီး ဝိုင်းဝန်းဖမ်းဆီးခံထားရသူဟာ ကလေးသူခိုး မဟုတ်ကြောင်း ပဲခူးမြို့ မြို့ မရဲစခန်းမှူးက မီဒီယာတွေကို ပြောဆိုလိုက်ပါတယ်။

နိုဝင်ဘာ ၃၀ ရက်နေ့ည ၈ နာရီဝန်းကျင်လောက်က ပဲခူးမြို့ကျောက်ကြီးစုရပ်ကွက်မှာ ကလေးသူခိုးလို့ စွပ်စွဲခံရသူကို ဖမ်းမိခဲ့ပြီး ဝိုင်းဝန်းရိုက်နှက်ခံရမှာ စိုးရိမ်တဲ့အတွက် နေအိမ်တခုမှာ ခဏထားထားတယ်လို့ ပဲခူးမြို့ မြို့မရဲစခန်းမှူး ဒုရဲမှူး နိုင်စိုးက ပြောပါတယ်။

အဲဒီနေအိမ်ကနေ ရဲတွေ ခေါ်ချိန်မှာတော့ ဒေသခံပြည်သူတွေ များလာကာ ကလေးသူခိုး ထုတ်ပေး ဆိုပြီး တောင်းဆိုနေကြတဲ့အတွက် အချိန် ၁ နာရီလောက် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ကနေ ချက်ချင်း စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်ခဲ့ရာမှာ အခု ဖမ်းဆီးမိထားတဲ့သူက ကလေးသူခိုး မဟုတ်ကြောင်း သိခဲ့ရတယ်လို့ ဒုရဲမှူးနိုင်စိုးက  ပြောပါတယ်၊

 အခု ကလေးသူခိုး ဆိုပြီး ဖမ်းဆီးခံထားရတဲ့သူက ပဲခူးမြို့ ကျောက်ကြီးစုရပ်ကွက် စီမံကိန်း ၅ လမ်းမှာနေတဲ့ ဝေဖြိုး ဆိုသူ ဖြစ်ပါတယ်လို့ ရပ်မိရပ်ဖတဦးက ပြောပါတယ်။

“အဲဒီ ပြဿနာစဖြစ်တာက ကျောက်ကြီးစုရပ်ကွက် စီမံကိန်း ၄ လမ်းက ကိုချစ်စန်းမောင်နဲ့ မဇင်မာစိုးတို့ရဲ နေအိမ်အောက်ထပ်ထဲမှာ လူတယောက် ဝင်သွားတယ်ဆိုတဲ့အတွက် ဓာတ်မီးနဲ့ ထိုးကြည့်ပြီး ထွက်လာဖို့ ခေါ်ရာက ထွက်ပြေးသွားတဲ့အတွက် သူခိုး သူခိုး ဆိုပြီး အော်လိုက်ရာက စခဲ့တာ ဖြစ်ပါတယ်။”

ပဲခူးမြို့၊ စီမံကိန်း ၄ လမ်း၊ ကျောက်ကြီးစုရပ်ကွက်နေ မမိုးဝါက “ဖုန်းတွေထဲမှာ ကလေးသူခိုးတွေ ဟိုမှာ ခိုးတယ်၊ ဒီမှာ ခိုးတယ်ဆိုပြီး တက်တက်နေတော့ ကိုယ်တွေအပိုင်းထဲမှာလည်း အမှောင်ထဲမှာ အခုလို လူစိမ်းဝင်လာတယ် ဆိုတော့ လူတွေက သူခိုး သူခိုး ဆိုတော့ ကလေးသူခိုး ဆိုပြီး အော်လိုက်ကြတာ။”

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရဲစခန်းကတော့ ပတ်ဝန်းကျင်နေအိမ်တွေက လူတွေကို ခေါ်ယူစစ်ဆေးတာတွေကို ဆက်လက်ပြုလုပ်နေပြီး ကလေးသူခိုးလို့ စွပ်စွဲခံရသူ ဝေဖြိုးကိုတော့ ပဲခူးဆေးရုံကို ပို့ဆောင်ပြီး ဆေးကုသမှုတွေ ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။

အောင်စိုးမိုး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013